22

189 19 5
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|22|



St. Petersburg မြို့စွန်က တောအုပ်ငယ်လေးမှာ လူမသိသူမသိ ခမ်းနားနေသည့် ပြဇာတ်ရုံလေးသည် ပစ်ခတ်သံတွေ သိုသိုသိပ်သိပ်၊ အော်သံဆိုတာ ထွက်လာခွင့် မရ။ မြို့ထဲကနေ ဘယ်ရဲတပ်ဖွဲ့ ဘာလူနာတင်ကားမှ ရောက်လာတာမျိုးလည်း မရှိ။ --- ဒီနေရာသည် အမှောင်လောကသား ဂိုဏ်းရာဇာတွေ စီးပွားရေး ဆွေးနွေးသော အရပ်။ ဘယ်သူမှ မထိပါးရဲ။


ထိုသူတွေရဲ့ ထိပ်မှာ ရှိနေပြန်တာကလည်း Phantom လို ဖြစ်တည်မှု။

Zhukovsky တွေရဲ့ သခင်

အသက်အရွယ် ၊ ရုပ်ရည်ရူပကာ ၊ သက်ရှိယောင်္ကျားလား နာနာဘာဝ,လားပင် မသေချာခဲ့သည့် ဒီ ဖြစ်တည်မှုသည် အခုတော့ဖြင့် မျက်နှာကို မြင်ရပေပြီ။

သို့ပေသည့် ဒီ မျက်နှာကို မြင်ခဲ့ရသော ဒီနေရာက လူတွေ --- အားလုံးသည် အသက်ဆိုတာ မရှိနေကြတော့ပြီ။ ဒီနေရာသည် အလောင်း ထပ်သော လူသင်္ချိုင်းလို။

"မတွေ့တာ ကြာပြီ.. လို့ နှုတ်ဆက်သင့်သလားပဲ Kevin"

ပြဇာတ် အချိန်မှီဖို့ Moscow ကနေ အမြန်နှင်လာခဲ့သော ရဟတ်ယာဥ်သည် အခုတော့ မြေကွင်းပြင်ကနေ ပြန်လည် ထွက်ခွာရန် အသင့်။ ခြေတစ်လှမ်း အပေါ်တက်ဖို့ ပြင်လိုက်သော Kevin ကို နှုတ်ဆက်လိုက်တာသည် --- Gyuvin ။ သူ့ကို တမန်တော်တွေက သေနတ်နှင့် တပြိုင်နက်တည်း ဝိုင်းချိန်လိုက်ကြပါ၏။

"မင်းကတော့ ငါ့ကို ဝမ်းနည်းအောင် လုပ်လိုက်တာပဲ"

Kevin သည် အနိမ့်အမြင့်ရော အတက်အကျလည်း မရှိသော အသံကို အေးစက်သော လေယူလေသိမ်းရောကာ ရဟတ်ယာဥ် ဆူညံနေသည့်ကြားမှာ ဆိုလိုက်သည်။ ပုံမှန် volume ဆိုသော်လည်း ကျိန်းသေ Gyuvin ကတော့ ကြားသည်။

"လွန်ခဲ့တဲ့ညက ငါ့ Rick.. နိုးမှာစိုးလို့ မင်းကို နှုတ်မဆက်ခဲ့ရတာ ၊ မတွေ့ရတာ ကြာတော့ မင်းတောင် ဝမ်းနည်းတတ်နေပြီပဲ Kevin"

"မတွေ့ရတာကြာလည်း မင်းကတော့ တုံးအ,နေတုန်းပါပဲ Gyuvin"

Kevin သည် Gyuvin ကို ကျောခိုင်းထားဆဲမှာ မေးတချက် ဆတ်ခနဲ ပင့်ကာ ရေရွတ်သည်။ ဘောင်းဘီအိတ်ထဲ လက်တစ်ဖက် နှိုက်ထားရင်းကနေ အေးဆေးစွာ ရဟတ်ယာဥ်ပေါ် တက်ဖို့ ဟန်ပြင်နေရာကနေ နောက်ပြန်လှည့်လိုက်သည်။ ကုတ်အင်္ကျီရှည်သည် လေပြင်းကြောင့် ၆ပေ ၅လက်မ အရပ်နှင့် ရူးချင်စရာ body proportion မှာ ပါးလျ အချိုးကျစွာ ကြောက်လန့်စရာ ဟိတ်ဟန်ကို ဖြစ်စေသည်။ ခြေလှမ်းတွေရဲ့ အရှိန်အဝါ အလယ်မှာ ကြိုးစားနေစရာ မလိုဘဲ ခြောက်ခြားဖွယ် ဖြစ်နှင့်ပြီးသည့် Kevin သည် လက်တစ်ဖက်ကို မြှောက်ကာ အချက်ပြလိုက်သည်။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now