26

163 20 10
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|26|

ကျေးလက်တောရွာလေး၏ ဆေးပေးခန်းသည် ပိုးသတ်ဆေးနံ့နှင့်အတူ အာရုဏ်တက်ချိန် ကွင်းပြင်တမျှော်တခေါ်ကို ဖြတ်လာသည့် မြက်ခြောက်တွေရဲ့ အနည်းငယ်စိုထိုင်းနေသေးသည့် အနံ့ကို စိတ်ပျက်ဖွယ် ဧည့်ခံသည်။ Gyuvin သည် စတုရန်းမီတာ ဘယ်လောက်မှ မရှိသည့် ဆေးပေးခန်း၏ တစ်ခန်းတည်းသာ ရှိသော လူနာခန်းက လိုက်ကာလေး ပွင့်သွားသည်အထိ အပြင်ဘက်ကုလားထိုင်မှာ မေးထောက်ထိုင်နေခဲ့ပြီး သီချင်းတိုးတိုးဖွဖွလေးကို ဆိုညည်းနေခဲ့တာ ဖြစ်၏။ --- အတော်လေး ကြီးမားသည့် လက်ချောင်းတွေကို မနက်ခင်းနေရောင်ခြည်မှာ ဖြန့်ကြည့်နေရင်းမှာ ဒီလက်တွေကနေ ရမ်းကားပစ်ခဲ့သော နံရိုးထင်းထင်း ခါးပါးပါးရဲ့ အလှတရားကို တွေးတောလျက်။

"Mr. Jin"

ဆရာဝန် ထွက်လာသည်။ Gyuvin သည် ဒီလူကို မော့ကြည့်ရုံသာ ကြည့်ပြီး ခေါင်းညွတ်ရုံသာ ညွတ်ပြလိုက်သည်။ --- ဘာမှ မမှတ်မိသလို ရုပ်ကလေးနှင့်ပင်။

စိတ်နှင့်လူ ကပ်နေပြီးသား သတိရှိရှိ အခြေအနေနှင့် ချစ်သူကို ဒီလိုအခြေအနေအထိ ရောက်အောင် ပြုကျင့်သည်.. လို့ ဆိုရင် အမျိုးမျိုး ရှင်းရခက်မည်မဟုတ်လား။ ဒီတော့ Gyuvin သည် စိတ်ပါရင်ဖြင့် နစ်နာသူအဖြစ်လည်း သရုပ်ဆောင်နိုင်ပါသည်။ ဖြူစင်သူအဖြစ်လည်း လှည့်စားနိုင်ပါသည်။ ပြောပြီးပါရောလား။ ချစ်ရပါသော Shim Ricky ရဲ့ ရွေးချယ်မှုတွေက Gyuvin ကို ဒီလို အရှုပ်အထွေးလုံးလေး ဖြစ်အောင် လုပ်ပစ်ခဲ့တာပဲလေ

"လူနာမှာ အရိုးထိသွားတာမျိုး ရှိမရှိကတော့ ကျွန်တော်တို့ ဓာတ်မှန်ရိုက်ဖို့ လိုဦးမယ် Mr. Jin ၊ အဲ့ဒီအတွက် မြို့ကို သွားဖို့ အဆင်ပြေနိုင်မလား"

"ခက်လိမ့်မယ် ထင်တယ် ၊ ကျွန်တော် အလုပ်လေးလုပ်ပြီး စုမိဆောင်းမိပြီးမှပဲ"

ဒီလူနာနှင့် လူနာရှင်သည် ဒီဆရာဝန်ထံ ရောက်လာသည်မှာ ဒီလအတွင်း ဒါ ၄ကြိမ်မြောက်။ Gyuvin သည်ကား ဒီဆရာဝန်ကို အတော်အသင့် သဘောကျသည်လို့ ဆိုရမည်။ ဒီလူက အပိုတွေ ပြောချင်သည့် ရုပ်ရည်ရှိသော်လည်း အခုအချိန်အထိ ဘာမှ မှတ်ချက်မပေးခဲ့။ ဘယ်လိုပဲကြည့်ကြည့် ဆေးပညာဆိုတာနှင့် မဆက်စပ်ရင်တောင်မှ ဒီ ဒဏ်ရာသည် ဘာကို အကြမ်းဖက်ခံနေရမှန်း သိသာပြီးသားဖြစ်သလို တကယ်လက်တွေ့မှာလည်း ဒီလူသည် ၄ကြိမ်ထက် မနည်း ဒီ တစ်နေရာကို ကုသပေးခဲ့ရပြီးပြီမို့ Gyuvin နှင့် အတူနေချစ်သူအကြား အခြေအနေကို ဒီလူ နားမလည်စရာအကြောင်း မရှိပါချေ။ သို့သော် Gyuvin သည် မိမိ ကျူးလွန်ခဲ့ကြောင်း မသိသလို မျက်နှာပေးနှင့်မို့ ဒီလူမှာ နှုတ်ဆိတ်နေရတာလည်း ဖြစ်မည်။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now