21

196 14 12
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|21|

Leonardo da Vinci ၏ the last supper လို့ ခေါ်သင့်သလား ။ Masquerade mask ကို တပ်သည့် ဒီ သခင် ဆိုသော ဖြစ်တည်မှုသည် Zhukovsky မိသားစုထမင်းဝိုင်း၏ ထိပ်မှာ မထိုင်နေပါသော်ငြားလည်း အိမ်ကြီးသခင် Mr. Zhukovsky အပါအဝင် ဆွေမျိုးတော်တို့သည် အရိပ်အကဲ ကြည့်နေလျက် တုတ်တုတ်မျှ မလှုပ်ရဲစွာ။ စံအိမ်ပါတီပွဲ ကျင်းပဖို့ ညွှန်ကြားသည့် အခါမျိုးမှာပင် တဆင့်အမှာစကားနှင့် အမိန့်တော် ပြန်တတ်သည့် သခင် သည် အခုလို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခြင်း။ --- Mr. Zhukovsky အဖို့မှာ သားဖြစ်သူ Kevin ၏ ညစာ အတူမှီဝဲဖို့ ရောက်လာခြင်းသည် စိုးရိမ်ထိတ်လန့်မှုကလွဲပြီး ဘာမှ မပေးသနားနိုင်ပါချေ။

"ကောင်းကောင်း စားပါ ဖေဖေ ၊ ကျွန်တော်တို့ စားပြီးမှ ပြောကြတာပေါ့"

အေးဆေး တည်ငြိမ်စွာ Kevin က ဆိုလိုက်သည်။ သူသည် Millesime Cote de Boeuf Steak ကို ဓါးနှင့် တင့်တယ်စွာ လှီးဖြတ်သည့်အခါ ဒီအမဲသားကို သယ်ယူပို့ဆောင်လာသည့် ဆွေမျိုးတော် နှင့် ချက်ပြုတ်သူ စားဖိုမှူးတို့မှာ ရင်တမ,မနှင့်။

"ငါ မင်း ညွှန်ကြားတဲ့အတိုင်းပဲ နေတာပါ ၊ ငါ ငါ့သဘောနဲ့ ဘာကိုမှ မလုပ်ခဲ့ပါဘူး ၊ ကျိန်ဆို ကျိန်ရဲပါတယ်"

"ဖေဖေ .."

နှင်းရိပ်ပြယ်သည့်အခါ မြင်ရတတ်သည့် သမင်ဖိုကြီးများ၏ အေးစက်စွာ နီစိမ့်နေသော အကြည့်၊ အသံ၊ အငွေ့အသက်။ Mr. Zhukovsky သည် လက်ထဲက ဓားနှင့် ခက်ရင်းကို မရည်ရွယ်ပါဘဲ ပန်းကန်ပြားပေါ်သို့ ပြုတ်ကျသွားစေအောင် တုန်ယင်လာ၏။ --- Kevin သည် steak ကို လှီးနေသည့် လက်ကို ရပ်ကာ ကလောင်ခနဲ မြည်သွားသည့် စားပွဲထိပ်က ပန်းကန်ပြားကို ခေါင်းကြီး လည်ပြီး စိုက်ကြည့်သည်။

"ဖေဖေ ကောင်းကောင်းမွန်မွန် နေနေတာ ကျွန်တော် သိပါတယ်"

Kevin သည် သက်ပြင်းချလိုက်သည်။ ချောမောစွာ ခြောက်ခြားဖွယ် ။ Mr. Zhukovsky သည် သွားလေသူ ဇနီးသည်၏ ကိုယ်ပွားကို မြင်လိုက်ရသလိုပင် ပိုမို တုန်ယင်လာ၏။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now