13

191 23 12
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|13|

Ricky သည် ပြတိုက်ကို ကျောခိုင်းပြီး နှင်းထု ပါးလျစွာ ရေခဲချပ်လေးများ အရည်ပျော်တော့မည့် မနက်ခင်း နေရောင်ခြည်ကို မော့ကြည့်လိုက်သည်။ အကြာကြီးနေမှ အပြင်ထွက်ရသည့်အတွက် လမ်းလျှောက်ဖို့ ခြေလှမ်းထိန်းသိမ်းရသည့်အခါ တကယ်တော့ မိမိခြေထောက်က သိပ်ရှည်ကြောင်း ပြန်သတိရရသည်။ --- ဘာများ ထူးဆန်းလို့လဲ လို့ ဆိုနိုင်သော်လည်း Ricky အတွက်တော့ ဒါသည် ကိုယ့် identity ကိုယ်ပြန်ရှာတွေ့သလို အင်မတန် အရေးကြီးသည့် ဖြစ်စဥ်။ ဘာကြောင့်ဆို.. Kim Gyuvin အနား အနေများပြီး ပေါက်စလေးလိုချည်း ခံစားရတာကြောင့်

အဲ့ဒီ အရပ် ၆ပေ ၅လက်မ အမျိုးသားသည် ဒီနေ့တော့ဖြင့် ကံကောင်းထောက်မ,စွာ Ricky နိုးလာချိန်မှာ အိပ်ရာထဲ မရှိနေ။ တိုက်ခန်းပြန်သွားသည် ထင်၏။ ဒါကြောင့် Ricky သည် အခွင့်ကောင်းကို အသုံးချပြီး ပြတိုက်အထိ ရောက်လာခဲ့ခြင်း။ သူ ရှိနေပါက သူသည် Ricky ကို တချိန်လုံး မျက်စိအောက်က အပျောက်မခံသည်လေ။ ဒီတော့ သူ မရှိတုန်းမှာ ဒု-ပြတိုက်မှူးကနေတဆင့် ရုံးချုပ်သို့ သတင်းပို့ခြင်းအား အတည်ပြုရမည်။

လျှို့ဝှက်လက်နက် တီထွင်နေတာမျိုး မရှိဘူး
ဆိုတာ တကယ် မှန်ရဲ့လား

သို့သော်လည်း ကံကောင်းခြင်း clover leaf လေးသည် သူ့ကို ပ,ထုတ်ဖို့မှာတင် အစွမ်းသတ္တိကုန်ခဲ့ပြီ ထင်၏။ ပြတိုက်အထိ ရောက်ပြီးကာမှ Ricky ရဲ့ အကြံအစည်သည် အချည်းနှီးဖြစ်ခဲ့သည်။ ဒု-ပြတိုက်မှူးသည် နေရာမှာ မရှိနေချေ။ ဒါ့အပြင် ပြတိုက်ထဲသို့ လက်မှတ်မပါဘဲ ဝင်ရောက်မှုနှင့် လုံခြုံရေးတွေက ထိန်းသိမ်းတာကို ခံရသည်။ မည်မျှ ထူးချွန်ထက်မြက်ပါသည့် Agent Shim ပင်ဖြစ်လင့်ကစား နေ့နေ့ညည ခြေကုန်လက်ပမ်းကျနေခဲ့ပြီးသည့်အခါ ဒီခန္ဓာကိုယ်လေးခမျာ လုံခြုံရေးတွေရဲ့ ကြောင်လေးလို ဂုတ်ကနေ ဆွဲပြီး မောင်းထုတ်ခြင်းကို မရုန်းမကန်နိုင်ဘဲ ခံလိုက်ရကာ ပြတိုက်အပြင်ဘက်သို့ ဖလွတ်ခနဲ။ ခွေခွေလေး ပြုတ်ကျသည်။

သို့သော်လည်း ဒီမျှလောက်နှင့် တပ်ခေါက်ပြီး ဇွဲလျော့ဖို့မှာ Ricky သည် အလကားနေ အလကား NIS ထိပ်တန်း Agent ဖြစ်နေခြင်း မဟုတ်။ ခွန်အားကုန်နေပြီဆိုရင် ဉာဏ်ကို လွှာပြီးသုံးရမည်။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now