24

182 18 2
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|24|

ခွေခနဲ ပစ်လဲသွားသော ခန္ဓာကိုယ်လေးကို Gyuvin သည် ပြေးပွေ့လိုက်သည်။ မုန်းမိလေခြင်း ထက် ❝လုပ်ရက်လေခြင်း❞ ပိုသော မျက်ဝန်းလှလှတစ်စုံသည် Gyuvin ၏ ရင်ခွင်ထဲမှာ စေ့ပိတ်သွားခဲ့ပြီး။

Gyuvin သည် ချစ်ရပါသော Shim Ricky ကို မီးလောင်တစပြင် လို ဖြစ်နေသည့် ဒီနေရာကနေ ခေါ်ထုတ်လာခဲ့သည်။

ဦးလေးဖြစ်သူက Kevin ကို ကောက်သိမ်းသွားမည် ထင်သည်။ Kevin ရဲ့ ဦးနှောက်ကို စမ်းသပ်မှုတစ်ခုခု လုပ်ကြမည် ထင်သည်။ --- ဒါမှမဟုတ် အမြတ်ငွေ ကုဋေကုဋာချီ ရောင်းစားကြမှာလည်း ဖြစ်နိုင်သည်။

Gyuvin စိတ်မဝင်စား

"မင်းက ငါ့ကို ဒီလို လုပ်မိအောင် ချောင်ပိတ်တာ Rick.. မင်း ခေါင်းမာတာ"

ရေရွတ်နေဖြစ်တာသည် ဦးခေါင်းခွံ အနောက်ကနေ ဆူဆူညံညံ echo တွေ ထပ်ပြီး နားထဲမှာလည်း အူလာသည်။

သူ သေသွားနိုင်တယ်
သူ သေသွားရင် ...

တစ်ယောက်ယောက်က ပြောနေသည်။
တစ်ယောက်ယောက် မဟုတ်တာလည်း ဖြစ်မည်။

"ပါးစပ်ပိတ်ထားစမ်း ! Rick.. က မသေနိုင်ဘူး ၊ အခုပဲ ဆေးရုံမှာ ကုလိုက်ရင် ရပြီ"

မင်း တကယ်ပဲ အဲ့လို ထင်တာလား
အဲ့လို အတွေးနဲ့ သူ့ကို ပစ်သတ်နိုင်ခဲ့တာလား

"ငါ ပစ်သတ်တာ မဟုတ်ဘူး"

မင်း ပစ်ခဲ့တာပဲလေ
မင်း သူ့ကို သေစေချင်တာမလား

မင်း ဘယ်လောက် ပေးဆပ်လည်း သေချာ မမြင်တဲ့ သူ့ကို မင်းလက်နဲ့ သတ်ပစ်ချင်မိတာမလား

"မဟုတ်ဘူး ၊ ငါ မဟုတ်ဘူး"

Gyuvin သည် ခေါင်းကို ခါရမ်းပစ်သည်။
နည်းနည်းတော့ သက်သာရာရသွား၏။

တောအုပ်လေးကို ခြေလှမ်း မြန်မြန်ဆန်ဆန် ဖြတ်ပြီး တဖက်မှာ ဆိုင်ကယ်တွေ များစွာကို မြင်ရသည်။ --- ဦးလေး ၏ အပေါင်းအပါတွေက ဒါကို သုံးပြီး ရောက်လာတာပေပဲ။

Gyuvin သည် Ricky ကို ဆိုင်ကယ်မောင်းပြီး ဆေးရုံပို့ဖို့ တွေးမိသည်။ သို့သော်လည်း လှုပ်ရှားမှု ကြမ်းတမ်းသည့် စက်ပစ္စည်းတွေကို ယုံစားလို့ မဖြစ်။ Gyuvin သည် ကားလမ်းမ အထိ ရောက်အောင်သာ ပြေးသည်။ --- အမြန်ဆုံးနှင့် အညင်သာဆုံး။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now