20

275 13 22
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|20|

This is a special long chapter
for his birthday.
August 30, 2024.

နွေးထွေးစွာ နူးညံ့သော အိပ်ရာမှာ လုံခြုံစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမိသလား.. ဒီ တမြေ့မြေ့ ခံစားမှုလေးထဲကနေ Ricky ကို နှိုးလိုက်တာသည် ပြူတင်းတံခါးချပ်ကို ဖွင့်လိုက်သည့် အသံ။ နှစ်ပေါင်းများစွာ လေ့ကျင့်တွေ့ကြုံခဲ့သည့် နိုးကြားမှုကြောင့်လည်း Ricky သည် မျက်လုံးတွေကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်မိသည်။

"ဟင် ??

ကုတင်ဘေးမှာ သူ ရှိနေသည်။ ဘယ်သူလဲဆိုတာကို ခွဲခြားနိုင်ဖို့ ဆံပင်အရောင်ကို ကြည့်နေစရာ မလိုအပ်ပါဘူးလေ.. လို့ Ricky ပြောရင် ကျိန်းသေ သူ က ခွက်ထိုးခွက်လန် ရယ်မှာမို့ Ricky သည် တိတ်တိတ်လေး တံတွေးမြိုချပြီး ကုတင်ပေါ်မှာ ထထိုင်လိုက်သည်။

အခန်းထဲမှာ သူ ကလွဲရင် တခြားဘယ်သူမှ မရှိနေ။ ဒီ စံအိမ်သည် အစောင့်အကြပ်ဆိုတာ တစ်ယောက်မှ မမြင်ရသော်လည်း အတားအဆီး မရှိမည့် နေရာ မဟုတ်နေတာတော့ သေချာသည်။

သူ ဘယ်လို ဝင်လာသလဲ Ricky မသိ။
သို့သော် ဒီနေရာမှာ ရှိနေတာသည် သူ့အတွက် အန္တရာယ်များသည်။

Ricky မှာ ဘယ်လို စိတ်နှင့် သူ့ကို နှင်ခဲ့ရသလဲ.. သေချာ မရှင်းပြပြန်ရင်လည်း ဒီ ငတုံးလေးက နားလည်မှာ မဟုတ်။ ရှင်းပြပြန်ရင်လည်း ဒီ တစ်ကိုယ်ကောင်းဆန်တာကလွဲရင် အကုန်လုပ်တတ်သည့် အရူးလေးက လက်ခံမှာ မဟုတ်ပြန်။

Kim Gyuvin က
တကယ့်ကို အရူးတုံးလေး

ပြီးတော့..
ဘယ်အချိန် ဘယ်နေရာ ဘယ်အခြေအနေမှာမဆို Ricky ကို ကာကွယ်ပေးဖို့ အသင့်ရှိနေသည့် သူရဲကောင်းလေး

Ricky အတွက် အန္တရာယ် အလုပ်တိုင်းကို သူ ခေါင်းဝင်ခံခဲ့သမျှသည် မာနကို ထိခိုက်သလို စိတ်တို ဒေါသထွက်စရာချည်း ဆိုသော်လည်း ၊ မွေးနေ့ဟုတ်သော်ရှိ မဟုတ်သော်ရှိ Ricky အတွက် နှင်းဆီတွေ လီလီတွေ ကာနေးရှင်းတွေ တိတ်တခိုးသာ ပို့တတ်သည့် သူ့ရဲ့ သူရဲဘောကြောင်မှုကို အသည်းယားပြီး ရန်ဖြစ်လိုက်ချင်သော်လည်း ၊ မည်သို့ပင်ဆိုစေကာမူ သူ ဆိုသည့် Kim Gyuvin သည် Ricky အဖို့မှာတော့ --- မွေးပြီး ရက်၁၀၀ကျော်ရုံလေးမှာ ကောင်းကင်ဘုံကနေ ဖန်ဆင်းပေးပို့လိုက်သည့် ဖြစ်တည်မှု လက်ဆောင် လှလှလေး။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now