🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|29|ကျေးလက်ရွာငယ်လေးသည် တစစီကျိုးပျက်နေသော စက်အပိုင်းအစတွေနှင့် ပြိုကျနေသော အိုးအိမ်တိုက်တာတွေကို သုဿာန်သင်္ချိုင်းလို ချပြထားပြီး ပျံ့လွင့်နေတာသည် ပြာလူးသော သစ်စတွေ။ ဆီနံ့ညှော်သော လောင်ကျွမ်းလက်စ သံထည်တွေ။ မြေကမ္ဘာသည် အကျည်းတန်စွာ ရှုပ်ထွေးငိုကြွေးလျက် --- ဒီအလယ်မှာ ရပ်နေတာသည် ရှည်မြင့်သော အရပ်နှင့် မည်းနက်စွာ ရှည်လျားနေသော ဆံနွယ်တွေရှိသည့် လူ.. လို့ အမည်တပ်၍ မရနိုင်ဖွယ် ယောင်္ကျားပျိုတစ်ဦး။
သည်းသည်းမည်းမည်း ရွာနေသော မိုးသည် ကာလပေါ်မုန်တိုင်းကြောင့်ဖြစ်ပြီး
ဆိုးဆိုးရွားရွား ရက်စက်ခံရသော ဒီအရပ်ဒေသသည်ကား ...........
Kim Gyuvin သည် ခေါင်းကို ခါပစ်လိုက်သည်။ သွေးစတွေ --- သူ့အား တားဆီးဖို့ ကြိုးစားခဲ့သည့် ၊ ရှုံးနိမ့်ခဲ့သည့် လူတွေများစွာ၏ သွေးရည်တွေသည် သူ ခေါင်းခါလိုက်သည့်အခါ မိုးရေနှင့်အတူ လွင့်စင်သွားသည်။ မျက်လုံးရှေ့မှာ ဖုံးအုပ်နေသော ဆံပင်တွေ --- ရုတ်တရတ် သောင်းကြမ်းပွင့်ထွက်လာသည့် ထိန်းချုပ်မရခြင်းများဖြင့် အဆမတန် ရှည်လျားလာသည့် ဆံနွယ်တွေသည် မျက်လုံးတွေရှေ့ကနေ အနည်းငယ်ဖယ်သွားသည့်အခါ သူ၏ အကြည့်ရိုင်းတွေကို ခြောက်ခြားဖွယ် တွေ့မြင်ရချေသည်။
ဒေါသ ဆိုသည့် နာမ် နှင့် တင်းတိမ်လို့ မရနိုင်သည့် အမျက်မာန်။
သူသည် အရာရာကို ပြာချဖို့က လွဲပြီး ဒုတိယရွေးချယ်ခွင့်ကို ပေးသနားဖို့ စိတ်ကူးမရှိနေ။
သူ၏ ဘေးမှာ ယာလိုပုံနေသော တိုက်ခိုက်ရေးတပ်သားတွေ ရှိသည်။ ခန္ဓာကိုယ်တွေသည် ရေညှစ်ခံအဝတ်စလို တွန့်လိမ်လျက်။ ခြေလက်တွေသည် ဆုံထဲမှ အထောင်းခံကောက်ရိုးမျှင်လို အရိုးအသားတွေ ဖွာလန်ကျေလျက်။ သူ၏ ခြေထောက်အောက်မှာဖြင့် တောင်လိုပုံနေသော နောက်ထပ်တိုက်ခိုက်ရေးတပ်သားတွေ။ ပတ်ပတ်လည်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားခဲ့ပါရဲ့သားနှင့် ကလေးကစားစရာလို ဆုတ်ဖြဲခံရသော ကျည်ကာစစ်ကားတချို့။ အဝေးမှာလည်း ဖျက်ဆီးရေးဗုံးတွေသည် ဖန်ဂေါ်လီလေးများ ထုထောင်းခံရသလို သူ၏ လက်ကြောင့် အမှုန့်ကြေလုနီးပါး။

YOU ARE READING
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...