🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|09|အနက်ရောင်ဂျင်းပေါ်မှာ စွန်းထင်းနေသည့် သွေးစတွေသည် အနုအရင့် မညီ။ ခြောက်သွေ့မှု စေးကပ်မှု အတိုင်းအတာက မတူ။ ဒါကို မြင်သည်နှင့် ယဥ်ပါးနေပြီးသည့် Gyuvin ရော Ricky ပါ သိနားလည်သည်။ --- အချိန်ကြာမြင့်စွာ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့မှု၏ ခြေရာလက်ရာ။
Gyuvin သည် ဒူးထောက်ထိုင်ကျသွားသည်။ Ricky ရဲ့ ပေါင်တံမှာ မျက်နှာအပ်ကာ ငြိမ်သက်စွာ မျက်ရည်တွေ ကျလာသည်။ Rickyရဲ့ ခြေချင်းဝတ်ကို ဖွဖွလေး ကိုင်ထားသော လက်အစုံသည် တုန်ယင်နေ၏။
"ငါ..
စမိပြီးသည့် စကားကို အဆုံးသတ်ဖို့ ရင်ထဲမှာ ဟာလျက်။ ဧည့်ခန်းမှာ ဖွင့်ထားသည့် ရုပ်မြင်သံကြားသတင်းသည် မြင်ရက်ဖွယ်မရှိသော မီးလောင်တစပြင်ကို ထပ်မံပြသနေသည်။ ရုပ်ပိုင်းဆိုင်ရာက သတိမရသည့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာသည် ခံနိုင်ဖို့ ခက်ခဲစွာ ဆို့နင့်သည်။ Gyuvin ရဲ့ နားနှစ်ဖက်ကို လက်ဖဝါးနုနုအစုံက လာပိတ်သည်။ သူသည် Gyuvin ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး Gyuvin ကို ကြေညာချက်နှင့် အကြားအာရုံ မဆက်စပ်နိုင်အောင် ကာကွယ်ပေးထားသည်။ သို့သော် တွေ့နေရသည်။ မည်းတူးနေသော လောင်ကျွမ်းပြီး မြေယာမှာ ပုံချထားသည့် ထုတ်ပိုးလိပ်ပတ်ထားသော အလောင်းများ။ အရွယ်အစားအရ ကျိန်းသေ ကလေးများလည်း ပါနေတာ သေချာသည်။ ကလေးတွေ --- စတော်ဘယ်ရီခင်းများအကြားမှာ Ricky နှင့်အတူ ပြေးလွှားဆော့ကစားခဲ့သည့် ကလေးတွေ။
ပူဆွေးမှုနှင့် ယူကျုံးမရမှုသည် လှိုက်စားလာသည်။
ပျို့အန်ချလိုက်မိသည်။တိုက်ခန်းအခင်းမှာ ပေပွကုန်သည်။ Gyuvin ရဲ့ ပါးစပ်နှင့် မေးဖျားမှာလည်း ပေပွကုန်သည်။ သူသည် ဒါတွေကို မရွံသလို သုတ်ပေးသည်။ လက်ဗလာနှင့်။ အမြဲတစေ လက်အိတ်အမည်းဝတ်ပြီး ဥထားသည့် သူ့လက်ဖဝါးနုနုနှင့်။ Gyuvin သည် သူ့လက်ကနေ မထိုက်တန်စွာ မျက်နှာလွှဲမိသည်။ သူက လွှတ်မပေးဘဲ Gyuvin ရဲ့ မျက်နှာသေးသေးလေးကို လက်နှစ်ဖက်နှင့် သေချာထွေးပွေ့လိုက်သည်။ မျက်ရည်တွေ စိုစိမ့်နေသော Gyuvin ရဲ့ ပါးပြင်အိအိလေးကို ညင်သာစွာ မွှေးကြူသည်။ Gyuvin သိမ်းဆည်းထားသော အစိုင်အခဲများကို သူ့ရဲ့ ကြင်နာမှုမှာ လက်နက်ချနိုင်ဖို့ လမ်းကြောင်းပေးလိုက်သည့်အတိုင်း။ Gyuvin ၏ နီစွေးနေသော နှာခေါင်းလေးကိုလည်း ထပ်မံနမ်းရှိုက်လိုက်ပြီး သူသည် ခေါင်းညိမ့်ပြသည်။ --- သူ့ကို ရင်ဖွင့်ဖို့။

KAMU SEDANG MEMBACA
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completed
Fiksi Penggemar[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...