30 [Final]

393 24 71
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂

|30|

Monitor room တပိုင်း Consulting room တပိုင်းလို့ ဆိုရမည့် အခန်းသည် အဖြူနုနုဆောင်သော အလင်းရောင်တွေကြောင့်၎င်း စကျင်ကျောက်နံရံကြောင့်၎င်း အေးစက်သည်။ သို့သော် နွေးထွေးမှုလေးတွေက သာပြီး ပို၏။ နံရံမှာ အခု၂၀မျှ အထက်အောက်တန်းကာ ရှိနေသည့် monitor screen တွေမှာ မြင်နေရသော ပုံရိပ်တွေသည် အသားအရောင်မတူ ရာသီဥတုကွဲပြားပြီး လူနေမှုအဆင့်အတန်းမျိုးစုံကို ပြသော နိုင်ငံနေရာဒေသအသီးသီး၏ သုတေသနစမ်းသပ်ခွင်များ။ --- မျှော်လင့်ချက်ရာခိုင်နှုန်း သုညအဆင့် ဦးနှောက်ကို ခွဲစိတ်ကုသနေသည့် ဆေးရုံတစ်ခုအတွင်း မြင်ကွင်းလည်း ပါသလို အကောင်အထည်မသိရသည့် လက်နက်ကို ပေါက်ကွဲခါနီးဆဲဆဲမှာ အခက်ကြုံနေရသည့် ကမ္ဘာ့မြေပုံပေါ်က အမေ့ခံကျွန်းငယ်လေးတစ်ခု မြင်ကွင်းလည်း ပါသည်။

ပြီးတော့

ဒီအဖြစ်အပျက်တွေ မှန်သမျှကို တစ်ချိန်တည်းမှာ ကြည့်ရှုကြပ်မတ် ညွှန်ကြားနေသည့် လူ။

တဖက်က သေလုမျောပါး ကြိုးစားရှာဖွေနေရသည့် ပုစ္ဆာတွေသည် သူ့အတွက်တော့ အတိုင်းမသိ ဖြေရှင်းဖို့ လွယ်ကူနေသလို။

Kevin သည် ခပ်လျော့လျော့လေး တပ်ထားသည့် နားကြပ်နှင့် နှုတ်ခမ်းနား မထိတထိ မိုက်ကနေ ဘာသာစကားများစွာကို နားထောင်ဖြေကြားရင်းပင် အခန်းတစ်ခြမ်းကို နံရံကပ် နေရာယူထားသည့် ဘာဆိုဘာမှ မတင်မတပ်ထားသော စားပွဲပေါ်မှာ လက်ချောင်းရှည်ရှည်တွေကိုသာ တချက်တချက် ခေါက်နေပါ၏။ စန္ဒယား သံစဥ်တေးသွား ဂီတတစ်ပုဒ်လို။

"Moonlight Sonata ပဲလား 'vin ~ မင်း ပျင်းနေပြီမလား .. ငါ သီချင်းဆိုပြမယ်လေ"

Kevin ထိုင်နေရာ ဆုံလည်ကုလားထိုင်၏ အထိုင်အခင်း .. manspreading လို သက်တောင့်သက်သာ ထိုင်နေသော Kevin ၏ ပေါင်တံတွေကြားက ဒီနေရာလေးမှာ လက်ကလေးတွေကို paw လေးတွေလို တင်ထားလျက် ကြမ်းခင်းမှာ ကျုံ့ကျုံ့လေး ထိုင်နေသော Ricky သည် နူးညံ့ညင်သာစွာ မေးလိုက်၏။ Kevin ၏ ပေါင်တစ်ဖက်မှာ ခေါင်းလေးကို မှီတင်ထားပြီး Kevin က မိမိ ဆံပင်တွေကို ဖွဖွလေး ထိုးကာ ကစားနေတာကြောင့် အိပ်ချင်မူးတူးလေး ဖြစ်နေရာကနေ မျက်လုံးလေးကို သီးသန့်လှန်ကြည့်ကာ ဆိုလိုက်တာမို့ ဒီလို Ricky ၏ ညှို့အားလှလှလေးမှာ သူ ပြုံးသွားသည်။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedTahanan ng mga kuwento. Tumuklas ngayon