25

188 16 11
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|25|

⚠︎BDSM


"ငါ ငယ်ငယ်တုန်းက ကလေးတွေ.. အင်း ~ လူကြီးတွေလည်း ပါပါတယ် ၊ သူတို့က ငါ့ကို မကောင်းဆိုးဝါး လို့ ခေါ်ကြတယ်"

Gyuvin သည် စကားကို ဆက်ဖို့ထက်အရင် စီးကရက်ကို ဖွာရှိုက်လိုက်သည်။ ကုတင်ခေါင်းရင်းကို မှီထိုင်နေသော Ricky ကတော့ ဘာမှတ်ချက်မှ မတုန့်ပြန်။ ဒီတော့ Gyuvin သည် တံတောင်နှစ်ဖက်ကို Ricky ရဲ့ ပေါင်သားတွေပေါ် မှေးထောက်ထားရင်းမှာ ၊ Ricky ရဲ့ ဗိုက်သားအိအိလေးပေါ် ခေါင်းမှီပြီး ပက်လက်လှဲနေရာကနေ အလိုက်မသင့်စွာ ခေါင်းမော့ကြည့်မိသည်။ --- Gyuvin ရဲ့ အဖြူအမည်းတခြမ်းကျ ရောနေသည့် ဆံပင်တွေကို ဖွလိုက် ၊ ဆုတ်လိုက် နှင့် လက်ထဲမှာ ချေကာ ကစားနေသော သူသည် အကြည့်ချင်း ဆုံသည့်အခါ သွားမပေါ်အောင် မချိတင်ကဲ အပေါ်ယံ ရယ်ပြသည်။

Gyuvin ကြမ်းမိခဲ့တာကို သူ စိတ်ကောက်မပြေသေးဘူး ထင်၏။

"အဲ့လို မကောင်းဆိုးဝါး အခေါ်ခံရလည်း ကိုယ်ကောင်းရင် ပြီးတာပဲ လို့ ငါက ယုံကြည်ထားခဲ့တာ ၊ ဒါပေမယ့်"

Gyuvin သည် အိပ်ရာဘေးက ပြာခွက်အထိ လက်ရောက်သွားပြီး စီးကရက်ကို ထိုးချေလိုက်သည်။ သူက Gyuvin ရဲ့ လုပ်ဆောင်ချက် နှင့် အမူအရာ တစ်ခုချင်းကို အကဲခတ်နေသည်။ စကားထောက်ပေးတာ မရှိသော်လည်း Gyuvin ရဲ့ စကားအသွားအလာကို အသေအချာ စူးစမ်းနေသည်။

"တကယ်တော့လေ Quanrui ~ ငါ တစ်ခါလောက် မှန်ထဲ ကြည့်ခဲ့သင့်တာ ၊ ဒါဆို ငါ အမှန်အတိုင်း သိနိုင်ခဲ့မှာပဲ"

Gyuvin ပြောသော စကား၏ နောက်ကွယ်ကို မမြင်နိုင်သလို အကျပ်ရိုက်သွားသည့် သူသည် နောက်ဆုံးမှာတော့ဖြင့် မေးခွန်းတွေ အတွက် ပါးစပ်ကို ဟ,သည်။ Gyuvin သည် အရာရာထက် ၊ လူတိုင်းရဲ့ ဝေဖန်ချက်တွေထက် သူ့နှုတ်ခမ်းဖူးတွေကနေ ထွက်လာမည့် မှတ်ချက်ကို တကယ်တမ်းမှာ မခံယူရဲစွာ။ --- ခေါင်းကို ဆတ်ခနဲ မော့ပြီး သူ့ကို ပိတ်ပင်လိုက်သည်။

အနမ်းတွေ သယ်ပိုးသော နှုတ်ခမ်းတစ်စုံနှင့်။

"Qub_

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now