14

191 21 24
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|14|


"ဘယ်တွေ သွားနေတာလဲ"

Ricky သည် တိုက်ခန်းတံခါးဘေး နံရံမှာ ကျောမှီကာ လက်ပိုက်ရပ်နေသည့် သူ့ကို မြင်သည့်အခါ လက်ထဲက သရက်သီးခြင်းတောင်းပင် ပြုတ်ကျမလို ဖြစ်သွားသည်။ သူ့ပုံစံသည် တစ်ခုခု ထူးဆန်းနေသည်။ ဆူပုတ်နေတာ မဟုတ်သည့် စိတ်ပျက်နေသလို ဟန်ပန်။ တစ်ခုခုက သူ မျှော်လင့်ထားသည့် စံနှုန်းအပြင်သို့ ခုန်ထွက်သွားသည့်အတိုင်း။ ပြီးတော့ ရိုကျိုးမှု မပါဝင်သည့် မာနအငွေ့အသက်ပြင်းပြင်း။ တစ်ခုခုက သူ စီစဥ်ထားသည့် ဇယားကို ရှုပ်ထွေးပစ်သလို။ --- သူ့မှာ Kim Gyuvin ကို မခံစားရ။ ဒါသည် Ricky အား တစ်ခုခုကို သတိရစေသည်။ တစ်ခုခုကို သတိပေးနေသည်။

ဒါပေမယ့်..
မဖြစ်နိုင်လိုက်တာ

"ငါ့ဘာသာ ဘယ်သွားသွားပေါ့ ၊ Agent တစ်ယောက်က သတင်းယူဖို့ မင်းကို တင်ပြရဦးမှာလား ၊ မင်းက ငါ့အထက်လူကြီးလား"

Ricky သည် ဘုဂလန့်ပြောကာ တံခါးကို သော့ဖွင့်သည်။

"သတင်း ?? ဘာသတင်းကို လိုက်နေပြန်တာလဲ Ricky ၊ မင်း ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေစမ်းပါ ၊ ကိုယ့်ကို အလုပ်ပိုအောင် မလုပ်ချင်စမ်းနဲ့ ၊ လျှို့ဝှက်လက်နက်ကိစ္စ ကိုယ် ရှင်းပြီးပြီလို့ မင်းကို ပြောခဲ့တယ်မလား"

"မင်း ပြောတာကို ဪ.. အဲ့လိုနော် ဆိုပြီး လက်ခံလိုက်ရအောင် ငါက ခပ်တုံးတုံးကောင်မှ မဟုတ်တာ Kim Gyuvin"

"ပါးစပ်ပိတ်ထားစမ်း Ricky !!

သူသည် ဘယ်လောက်ပဲ Ricky ကို စိတ်ဆိုးစိတ်တိုနေသည် ဆိုပါစေ။ ဒီလို ရိုင်းပျစွာ ထအော်လိုက်တာမျိုးကိုတော့ Ricky သည် ငြိမ်မခံနိုင်။ Ricky သည် သရက်သီးခြင်းတောင်းကို ချပြီး စကားကြမ်းသည့် သူ့ပါးကို ပိတ်ရိုက်ဖို့ လက်ကို ရွယ်လိုက်၏။ သူသည် Ricky ရဲ့ လက်ကို ဖမ်းချုပ်လိုက်သည်။ ဒီတော့ Ricky သည် ကျန်လက်တစ်ဖက်နှင့် သူ့ကို ထိုးသည်။ သူက အသာလေး ခေါင်းကို လှည့်ရှောင်လိုက်သည့်အခါ Ricky သည် တဆက်တည်းမှာ ခြေထောက်ကို မြှောက်ကာ သူ့ကို ပိတ်ကန်ပစ်သည်။ ဒါကိုလည်း သူက လက်ဖျံနှင့် ထိန်းလိုက်ပြန်၏။ --- ထူးဆန်းသည်။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now