28

190 14 34
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|28|

ကြည်ပြာရောင် ရေထုသည် ပင်လယ်ပြင်နှင့် ဆင်တူသည်။ ဆံပင်ဖြူဖြူရှည်ရှည်တွေနှင့် လူငယ်လေးသည် နူးညံ့စွာ ပြုံးခြင်း ဆိုသည့် သဘောတရားကို စာတွေ့မှသည် ခံစားသိသွားသည့်အခါ သူ၏ မျက်နှာလေးသည် တစ်နေကုန် ထိုင်ကြည့်ချင်မိစေသည့် စိတ်ချမ်းသာမှု အစုအဝေး ချောချောနုနုလေး။ --- Romanov သည် ဒီနေ့အတွက် ဖျက်သိမ်းရန် ကျန်ရှိသည့် tank တွေကို တစ်ခုချင်း စနစ်တကျ စီမံနေရင်းမှာ သခင်လေး Kevin ကိုသာ လှည့်ကြည့်လှည့်ကြည့်။ ၈၃ ကြိမ်မြောက် ခလုတ် တိုက်လျက်။

❝𝓐𝓻𝓮 𝔂𝓸𝓾 𝓸𝓴𝓪𝔂 ¿❞

တစ်ခုတည်းသာ ကျန်သည့် screen မှာ ၈၃ ကြိမ်မြောက် ပေါ်လာပြန်သည့် အင်္ဂလိပ် အက္ခရာလေးတွေ။ ဒီ font ကို သုံးပြီး ဆက်သွယ်ခြင်းသည် သူ စိတ်လှုပ်ရှားနေသည် ဆိုသည့် သင်္ကေတ နှင့် သာဓက။ သခင်လေး Kevin သည် ခံစားချက်ကို သိရှိသွားပြီးကတည်းက အသေးအဖွဲလေးတွေကိုပင် ဂရုတစိုက် လိုက်ပူနေတတ်ခဲ့ပြီ

သခင် အဖြစ် သူ့ကို သိခဲ့ရတုန်းကဖြင့် စကားတစ်ခွန်းပင် မျက်နှာချင်းဆိုင် မပြောဖူးသော်လည်း အခုများမှာ .........

"ကျွန်တော် ဘာမှ မဖြစ်ပါဘူး သခင်လေး"

ဒီသီတင်းပတ်အတွင်း Romanov စကားအများဆုံး ပြောနေရတာသည် သူနှင့်ပင်။ --- ဒါကို စကားပြောသည် လို့ သတ်မှတ်လို့ ရနိုင်လား မပြောတတ်ပေမယ့် သူ ဆိုတာသည်လည်း သက်ရှိ လို့ သတ်မှတ်လို့ မရနိုင်သည့်_

❝ ခင်ဗျား စိတ်အဆင်မပြေရင် ကျွန်တော့်ကို ဒီအတိုင်း ခရုလေးတစ်ကောင်လို့ပဲ သတ်မှတ်ထားလို့ ရတယ် ❞

ဘယ်လိုဦးနှောက်မို့ ကြောက်ဖို့ကောင်းအောင် သူများစိတ်အမူအရာကို ဖတ်နိုင်သွားပြန်သည် မသိ။

Romanov သည် စမ်းသပ်ခန်းရှိ နောက်ဆုံး၏ ဒုတိယ tank ကို ဖျက်သိမ်းပြီးသည့်အခါ သူ့အနားကို သွားကာ ခေါင်းခါပြရသည်။ သူ့အပေါ် ရိုင်းပြသည်လို့ သူ့ကို မထင်စေချင်တာကြောင့်လည်း ပါသလို ၊ စမ်းသပ်ခန်း၏ နောက်ဆုံး tank မှာ ရုပ် ဆိုတာကို ထိန်းသိမ်းဖို့ အခုလေးတင် ဖွခ် ခနဲ ကိုယ်လေးကို သေးကျုံ့လိုက်သော သူက သိပ်ကို ချစ်စရာကောင်းတာကြောင့်လည်း ပါသည်။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now