23

184 21 13
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|23|

"ခင်ဗျားကိုး ..

Kevin သည် ကြားနိုင်ရရုံလောက် အသံလေးနှင့် ဆိုသည်။ --- ကြိုမသိနေခဲ့သော်လည်း ကြိုတွက်ထားခဲ့ဖူးသည့် ဖြစ်နိုင်ချေတွေထဲက တစ်ခုကို မြင်လိုက်ရသလို။

*ဒိုင်း

*ဒိုင်း *ဒိုင်း

ဦးလေး နှင့်အတူ သူ ခေါ်လာသည့် လူတချို့သည် ပတ်ဝန်းကျင်ကို သက်ပျောက် ဖြုတ်နေသည့်အခါ Kevin သည် Gyuvin ကို ချိန်ထားခဲ့သည့် သေနတ်ကို မိမိကိုယ်ကို ကာကွယ်ဖို့ သုံးရတော့သည်။ --- တမန်တော်တွေ မျိုးတုန်းကုန်သလို Kevin သည်လည်း ဦးလေး ရောက်မလာခင်ကပင် ယဲ့ယဲ့လေးပဲ ကျန်သည့် အသက်က ဆိတ်သုဥ်းလုနီးပါး။

သို့ပေမယ့်..
တစ်ခုခုက မူမမှန်။

Gyuvin သိထားသည့် ဒီ အမြွှာညီ ၊ Gyuvin မယဥ်ပါးသော ဒီ Zhukovsky သခင် --- Kevin က ဒီလို အခြေအနေမှာ သေနတ်တစ်လက်တည်းနှင့် အသက်ဘေးလွတ်ဖို့ ရုန်းကန်နေမည့် လူမျိုး မဟုတ်။ ဒီ အရူးကောင် ကို သာမန် လူ လို့ သတ်မှတ်ဖို့ ခက်သော်လည်းပေါ့

ဒါကြောင့် Gyuvin သည် ကျည်ဆန်တွေ ကြားမှာ ရ,အောင် လျှောက်လှမ်းနေသည်။ ဘာတွေက ဘယ်လိုပဲ ဖြစ်နေနေ Gyuvin သည် Kevin ရဲ့ လက်ထဲမှာ ရှိနေသည့် ချစ်ရပါသော Shim Ricky ကို ပြန်ခေါ်ရမည်။ သတိနှင့် တစ်လှမ်းချင်း။ --- Kevin က Psychopath လေ။ ဟုတ်တယ်မလား။ ဒီ အရူးကောင်က စိတ်ဖောက်ပြီး ချစ်ရပါသော Shim Ricky ကိုသာ တစ်ခုခု လုပ်ပစ်လိုက်ရင် .. .......

"Gyuvin ! ပြန်ဆုတ်ခဲ့ ! အခု ချက်ချင်း !

ဦးလေးက အော်ခေါ်သည်။ သူ ခေါ်လာသော လူတချို့သည် လက်နက်ကြီးကို ချိန်ရွယ်လိုက်ပြန်သည်။

Kevin ထံသို့ တည့်တည့်။

"မဖြစ်ဘူး ! မလုပ်နဲ့ !!

Gyuvin သည် ရှေ့ကနေ ကာ,လိုက်မိပါပြီ။ ပစ်ကွင်းထဲမှာ ချစ်ရပါသော Shim Ricky ရှိနေသည်လေ။

*ဝုန်း

တောအုပ်လေးမှာ
နောက်တစ်ကြိမ် ပေါက်ကွဲသံ။

Gyuvin သည် ဘယ်လောက်ပဲ လူမဆန်သည့် ခွန်အားရှိသည်ဆိုဆို လက်နက်ကြီး နှစ်ခါ ထိသည့်အခါ ပြန်နလံထူဖို့မှာ .. .......

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now