🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂|03|
Fountain Samson,
Tearing the Lion's Jaws
ရေပန်းသည် ရွေရောင်ရုပ်ထုကို ရှားရှားပါးပါး ပွင့်လာသည့် ပရိယာယ်ကြွယ်သော နေရောင်ခြည်နုနု က ပက်ဖျန်းနေသည့်အခါ ရေအရိပ်မှာ မျက်စိအားယူကာ ကြည့်မည်ဆိုရင်ဖြင့် သက်တန့်ဖျော့ဖျော့လေးပင် မြင်နိုင်၏။ Gyuvin သည် တိုးမပေါက်အောင် စည်ကားနေသည့် tourist တွေအကြားကနေ လှေကားထစ်ကို ကျော်ဆင်းလိုက်သည်။ Peterhof နန်းတော်ကို ကျောခိုင်းပြီး ရေပန်းအစပ်အထိ လျှောက်သွားသော Gyuvin ကို နားကရိကထများစေသည့် tour guide တစ်ဦး၏ အသံသည် စီလောင်ဖွာလောင်။
"ဂျာမန်တပ်တွေရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် အခုမြင်နေရတဲ့ ရေပန်းများစွာဟာ ဖျက်ဆီးခံခဲ့ရပါတယ်။ နန်းတော်ဟာလည်း ဗုံးဒဏ်သင့်ကာ ပေါက်ကွဲခဲ့ပြီး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ စစ်ကြီးအပြီးမှာ ပြန်လည်ပြုပြင်မွမ်းမံရေး စတင်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှာတော့..
Gyuvin သည် ဆက်နားမထောင်ချင်တော့သည်မို့ ရင်ပြင်ဘက်သို့ သွက်သွက် လျှောက်လိုက်သည်။ တစ်သီးပုဂ္ဂလ အတွေးအမြင်အရ ဆိုရပါမူ ပြီးခဲ့ပြီးသား အတိတ်ကို ချေးခြောက်ရေနှူး ပြောနေတာကို Gyuvin မကြိုက်။ လူတွေက အမှားလုပ်တတ်ကြသည်။ တချို့တွေကတော့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တတ်ကြသည်။ လက်လွန်ကြက်သွန်ဖြစ်ကာ ကမ္ဘာကျော်သည်အထိ ဆိုးမိုက်ကြသည့် သာဓကတွေလည်း ရှိဖူးပြီ။ ဒါကို ခွင့်လွှတ်ပေးဖို့ ဆိုတာသည် ဖြစ်နိုင်ပါသလား --- ချစ်ရပါသော Shim Ricky ကတော့ Gyuvin ကို မေတ္တာရှင်ကြီးလို့ ထေ့တတ်၏။ Gyuvin က မည်မျှပင် နင်းခြေခံရပါစေ တဖက်သားကို အသာတကြည် ခွင့်လွှတ်ပေးတတ်သည်.. တဲ့။ သို့သော်လည်း သူ သိနိုင်မည်တဲ့လား။
တကယ်တမ်းတော့ Gyuvin သည် ခွင့်လွှတ်တတ်ခြင်းမျိုး မဟုတ်။ စိတ်နှလုံးထဲမှာ ထည့်သိမ်းထားဖို့ ကြောက်ရွံ့မိသဖြင့် လျစ်လျူရှုပစ်လိုက်ခြင်းသာ။
ဥပေက္ခာ က ငြိမ်းချမ်းသည်လေ။
ဒါကြောင့်..

ESTÁS LEYENDO
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completed
Fanfic[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...