🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|19|
ပန်းခြံမှာ လေတဖြူးဖြူး။
ဒန်းမှာ ထိုင်နေသော ကြောင်လေးသည် တရှုံ့ရှုံ့။သူ ငိုနေတာလား ။
တချိန်က ခဲတံချွန်နဲ့ ထိုးဆွကြည့်ဖို့ လုပ်ဖူးသည့် မျက်ဝန်းကြီးကြီးလေးတွေကနေ အရည်ကြည်ထူထူလေးတွေသည် တသဲ့သဲ့ ပိခနဲ ကျနေအောင် သူ ငိုနေသည်ပဲ။
Kevin သည် ဒန်းနားအထိ သွားဖို့ မလုပ်မိ။
ရပ်နေမိသည်။အနွေးထည်ကို သွားပေးပြီး ဒီ ကြောင်လေးရဲ့ ခေါင်းထဲမှာ အနယ်ထိုင်စေမည့် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြဖို့ စဥ်းစားပြီးသား ဆိုသော်လည်း။ --- Romeo ဟာ မိမိ ဖြစ်ပြီး သူ့ကို ကြံစည်သည့် မကောင်းဆိုးဝါးကတော့ သူ သိပ်သဘောကျသော Kim Gyuvin ပါ လို့။
ဒါဆို ဘာလို့ ရပ်နေမိတာလဲ ။
သူ့စိတ်ကလေး အပူတပြင်း ရှိနေတုန်းမှာ မုသားတွေကို ဖောဖောသီသီ ထည့်ပေးထားနိုင်မှ Kevin အတွက် အခန့်သင့်အဆင်ပြေမှာလေ ။နှလုံးကို ကာရံထားသည့် ကြွက်သားမျှင်တွေက တချက် ဖျဥ်းခနဲ။ Kevin သည် ပင့်သက်ရှိုက်မိသွားသည်။ ဒီလို နာတာမျိုး --- ညဦးပိုင်းကလည်း ကြုံပြီးပြီ။ ဒီရက်တွေမှာ မကြာခဏ ဆိုသလို အနည်းငယ်သော မူမမှန်မှုတွေသည် ခေါင်းရှုပ်စရာ ဆိုးရွားသည်။
"ဟင် ?!"
ကြောင်လေးက Kevin ကို တွေ့သွားသည်။ ကပြာကယာ ထရပ်သည်။ ယိုင်ခနဲ။
ပြေးထူမိသည်။
မညင်သာစွာ။အစီအစဥ်အတိုင်း မဟုတ်နေတာတွေကို လုပ်မိပြန်ပြီပဲ။ ကြောင်လေး --- Ricky သည် Kim Gyuvin ဆိုသော ပစ်မှတ်ကို လက်ဝယ်ရဖို့ အရေးပါသည့် ငါးစာ။ စကားချိုချိုတွေ သုံးကာ အလိမ္မာနည်းနှင့် သိမ်းပိုက်ဖို့ လုပ်သင့်ပါသော်လည်း Kevin သည် သူ့ကို ပြန်တွေ့ရကတည်းက မနူးညံ့ဖြစ်။
လွန်ခဲ့သည့် ၂၁ နှစ်က စ,လို့ အခုအထိ မပြောင်းလဲနိုင်စွာ ။ ကြောင်လေးသည် မွေးလာကတည်းက ခံစားချက်ကို မသိနေသော Kevin ကို ဒေါသ ဆိုတာကို စတင် ခံစားစေခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာလည်း အံ့အားသင့်မှု ၊ စိတ်လေးပင်မှု ၊ ပြီးတော့ ဘာကိုမှန်း မသိစွာ အလိုမကျမှု ။

YOU ARE READING
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...