🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|27|Ricky သည် လိမ္မော်ရင့်ရောင် ကောင်းကင်ကို ငေးနေရင်းမှာ တဖက်နားက ဝင်ပြီး တဖက်နားက ထွက်နေသော စကားတွေကို မကြားဖြစ်။ နားထောင်ချင်စိတ် မရှိမှုသည် ဒီ ရဲအရာရှိ စစ်ဆေးနေသော မေးခွန်းတွေကို အာရုံမရှိသလို နားရင်းကို ပိတ်ရိုက်ခံထားရတာကြောင့် အသံတွေ ဆူအူနေလို့လည်း ဖြစ်၏။
"ကျွန်တော်တို့ အိမ်နီးချင်းတွေက နည်းနည်း အစိုးရိမ်လွန်တတ်လို့ပါ ဆရာ ၊ အချစ်ငှက်လေးတွေ အချစ်စမ်းကြတာကို တမျိုးထင်သွားပုံပါပဲ"
သူသည် Ricky ရဲ့ ခေါင်းပေါ်က သိုးမွေးဦးထုပ်လေးကို နားရွက်နှစ်ဖက်နှင့် နားရင်းပါ လုံအောင် ဆွဲချပေးပြီး မေးစေ့မှာ ချည်ပေးသည်။ Ricky ကို နှဖူးလေးမှာ နမ်းလိုက်ကာ ငုံ့လို့ ပြုံးပြသည်။
"အပြင်မှာ အေးတယ်မလား ၊ ခဏလေးပဲ သည်းခံနော် Quanrui ၊ ဒီက ဆရာတွေ သံသယရှင်းသွားရင် အိမ်ထဲ ပြန်ဝင်ကြမယ်နော် ၊ အဲ့အခါကျ ငါက မင်းကို နွေးနေအောင် ဖက်ထားပေးမယ် ဟုတ်ပြီလား"
Ricky သည် ခေါင်းလည်း မညှိမ့်သလို ခေါင်းလည်း မခါပါ။ ဆည်းဆာသည် ချမ်းစိမ့်စိမ့် ရှိသော ညနေကို ချန်ရစ်သော်လည်း အရမ်း အေးနေတာတော့လည်း မဟုတ်ပါချေ။ --- Ricky သည် ဘာမှ ပြန်မပြောဘဲ သူ့ကို ဒီအတိုင်းလေး ကြည့်နေမိသည်။
ဒီအတိုင်းလေး ...........
ဆက်ပြီး မေ့နေတာကမှ ကောင်းလိမ့်ဦးမည် ။တဖြည်းဖြည်းချင်း မှတ်ဉာဏ်တွေ ပြန်ရလာသည့် နေ့ရက်တွေသည် နောင်တနှင့် မျှော်လင့်ချက်မဲ့မှုတွေကိုသာ အတိုးချ အကြွေးဆပ်ဖို့ ဆက်လျှောက်နေရသလို။
❝Jin Qubing❞ ဒီလို ညာသော Kim Gyuvin သည် လူတစ်ယောက် ပြောင်းသွားသလို Ricky ရှေ့မှာ ဒီ နေ့ရက်တွေကို ဖွဲမီးလို လောင်ကျွမ်းစေသည်။ သတိပျောက်သွားအောင် ပြုကျင့်ပြီး ဆေးပေးခန်းကို ပို့ပေးခဲ့သော အဲ့ဒီ တစ်နေ့ .. နောက်ပိုင်းမှာ သူသည် ပိုမို ဆိုးရွားလာသည်။
လွန်လွန်ကျူးကျူး ရက်စက်လာသည်။ --- ရိုက်နှက်မှု နှင့် နှိပ်စက်မှုတွေကို သွေးအေးစွာ လုပ်သော သူ့ကို Ricky သိသော Kim Gyuvin မဟုတ်ပါဘူး လို့ ငြင်းလိုက်ချင်သည်။

YOU ARE READING
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...