07

251 24 25
                                    


🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|07|

Gyuvin သည် အိတ်ထဲကနေ စာရွက်စာတမ်းတွေကို ထုတ်သည်။ ဒီ Zhukovsky ကို ပေးဖို့ ရည်ရွယ်ထားသည့် N.Korea တာဝန်ရှိသူ၏ တင်ပြချက်တွေသာဖြစ်ပြီး ထူးထူးခြားခြား သတိပြုစရာဟူ၍ မပါဝင်နေ။

စျေးကွက်မှာ မဖြန့်ချိရသေးသည့် မေ့ဆေးတစ်မျိုးအကြောင်း၊ ပစ္စည်း မိတ်မဆက်ရသေးခင် မြေအောက်လောကမှာ မင်းမူနေပြီဖြစ်သည့် ကျည်တောင့်တမျိုး ပေါက်ကြားမှုနှင့် ပတ်သတ်သော ဝန်ချတောင်းပန်လွှာ။ ဒါတွေက Gyuvin သိပြီးသား။ အခု လိုအပ်နေတာသည် Zhukovsky တွေ လျှို့ဝှက်စမ်းသပ်နေသည်လို့ ထင်ကြေးပေးထားသည့် လက်နက်ဆန်းနှင့် ဆက်စပ်သည့် သဲလွန်စ။ ဖြစ်နိုင်ရင် သတင်းအတိအကျ။

"ကျုပ်တို့ စလိုက်ကြတော့မလား"

ရှေးဟောင်းလက်ရာ တိုင်ကပ်နာရီ၏ လက်တံကို သေချာကြည့်ပြီး ဒီလူက ပြောသည်။

"သခင်က အချိန်တိကျမှ ကြိုက်တာဆိုတော့လေ"

သူ့စကားသည် Gyuvin ကို ဟင်ခနဲ ဖြစ်စေသည်။ ဒီလူက သခင် မဟုတ်ဘူးလား။ ဒါမှမဟုတ် အိမ်ကြီးသခင် Zhukovsky ခေါင်းဆောင် ကို ဆိုလိုချင်တာလား။ ထိုသူသည် အခု ပါတီပွဲ နေရာမှာ ရှိနေတာ မဟုတ်ပေဘူးလား။

"ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့ သခင် က ပါတီ လို အရာမျိုးတွေကို မုန်းတယ်မလား ၊ အခုတောင်_

"မင်္ဂလာညချမ်းပါ Mr. Kang"

အသံထွက်လာသည်မှာ စားပွဲပေါ်ရှိ လက်တော့ကွန်ပြူတာမှ။ ရုပ်မမြင်ရဘဲ အသံသာ ကြားရခြင်း။ အသံကိုလည်း စက်ပစ္စည်းအထောက်အကူဖြင့် ဖျက်ထားသည်ပဲ။ ဒါကို မိမိနှင့် ပြောဆိုဆွေးနွေးရမည့် လူလို့ ယုံကြည်ဖို့ ခက်သော်လည်း ဘေးမှာ ထိုင်နေသည့် Zhukovsky ၏ ရိုကျိုးသွားပုံအရ တဖက်လူသည် Zhukovsky မိသားစု၏ အကြီးပိုင်းထဲက တစ်ဦးဦး ဖြစ်တာ သေချာပါ၏။

သို့သော်လည်း ဟုတ်ကောဟုတ်ရဲ့လား ဆိုသည့် သံသယက မပျောက်ပြယ်သွား။ ပါတီမှာ ရှိနေမည့် လူ ၊ အခု Gyuvin ဘေးမှာ ရှိနေသည့် လူ ၊ ပြီးတော့ ရုပ်မမြင်အသံကြား ဆက်သွယ်လာသည့် လူ။ Zhukovsky တွေထဲမှာ ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိသည့် အခြေအနေ။ အိမ်ကြီးသခင် နှင့် သခင်။ မိသားစု အကြီးအကဲနှင့် ခေါင်းဆောင်။ ဘယ်သူက ပိုအာဏာရှိမှန်း မပြောတတ်ပြီ။ ဒီလို အတွေးပေါင်းစုံ ဖြတ်ပြေးနေသည့် Gyuvin ရဲ့ မျက်နှာအမူအရာကို တဖက်လူသည် ကင်မရာကနေတဆင့် ဖတ်လိုက်ပုံရသည်။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now