မျက်နှာဖုံးနှင့်ချစ်သူ

283 4 0
                                    

Unicode...

                     မျက်နှာဖုံးနှင့်ချစ်သူ

                               Part - 1

မြို့ကြီးပြကြီးဖြစ်သော်လဲ လူတန်းစားအလိုက်
နေထိုင်ရုန်းကန်နေလျက်ရှိပြသည်။ချမ်းသာ
သောလူများက အေးအေးဆေးဆေး နေထိုင်စားသောက်၍ရသော်လဲ ဆင်းရဲသားများက နဖူးက
ချွေးခြေမအထိကျမှပိုက်ဆံရပြီးစားသောက်၍
ရသည်...လူတစ်ဦးနှင့်တစ်ဦးစိတ်ဓာတ်ကွာခြား
မှုမှာ အဆင့်အတန်းနှင့်ဆိုင်မည်မထင်ပါ...ငွေရှိပြီးဂုဏ်မောက်တတ်သူရှိသလို ငွေမရှိဘဲ မာနလေးထားက ဂုဏ်မောက်သည့်လူများလဲ ရှိပါ
သည်...ဒါက လောကရဲ့ထုံးထမ်းတစ်လိုပါပင်...
ဂုဏ်မောက်သည့် မိသားစုတစ်စုအကြောင်းက
တော့...

" ကိုဇွဲသစ်..."

" ပြောလေးမိန်းမ..."

" ကျွန်မတို့စက်ရုံကို ဒီထက်ပိုပြီး တိုးချဲ့
ချင်တယ်...ရှင်ဘယ်လိုသဘောရလဲ..."

" မိန်းမသဘောအတိုင်းဘဲ...မိန်းမက
ကောင်းတယ်ဆို ကိုလဲကောင်းတာပေါ့..."

" စကားကိုအေးအေးလူးလူးမပြောပါနဲ့...
တိုးချဲ့တာကလဲ ကျွန်မတို့မိသားစုအတွက်ဘဲ
မဟုတ်လား...သားလေး ရှေ့ရေးလဲ ရှိနေသေး
တယ်...ကျွန်မတို့ကအောက်ခြေကတတ်တယ်
ဆိုတာကိုလူသိလို့မဖြစ်ဘူး...ပလုံးကောက်ရ
တဲ့ဘဝကို မုန်းလိုက်တာ..."

" ဘယ်သူမှမသိပါဘူးကွာ...အခုချိန်မှာ
ကိုတို့က တစ်မြို့လုံးမှာ ပိုက်ဆံအရှိဆုံးဘဲ
မဟုတ်လား...အခုသားလေးကိုလိုလေသေး
မရှိအောင်ထားနိုင်ခဲ့တာဘဲ...တစ်ခြားမကြည့်
နဲ့ အခုဆို သားလေးက အော်စီမှာ ဘွဲ့တောင်
ယူတော့မယ်မဟုတ်လား..."

" ဟုတ်သားဘဲ...သားလေး ပြန်လာရင်
ကျွန်မတို့ ပိုအဆင်နေရင်ကောင်းမယ်...
ဒါကြောင့်စက်ရုံတွေတိုးချဲ့ချင်တယ်..."

" ဒါဆိုရင်လဲ မငွေခင်ရယ် Company
သာထောင်လိုက်တော့ပေါ့..."

" စာမတတ်ပေမတတ်တဲ့ ကျွန်မတို့က
ဘယ်လိုလုပ်ပြီးလုပ်နိုင်မှာလဲ...လူငှားဖို့က
အဆင်မပြေဘူး...အခုတောင်စက်ရုံမှာ တစ်လ
တစ်လသိန်းရာချီပြီးပေးနေရတာလေးရှင်ကလဲ"

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now