Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 13
ရှိုန်း၏ရင်ထဲ မယ်က နေရာယူနေသည်မို့
သူဘယ်မိန်းကလေးကိုမှအဖက်မလုပ်ချင်ပါ...
အိမ်မပိုင်သည့်စကားကခံရခက်သလိုတကယ်လဲ ဟုတ်နေပြန်သည်...မာမီတို့က ညှက်ဖြူနှင့်
သဘောတူသည်မှာ ပြောစရာကိုမလိုအောင်သိသာလွန်းနေသည်...လောကမှာ ငွေထက်
အရေးကြီးသည့် အရာလဲအများကြီးရှိနေသည်ကို မာမီနှင့်ဒယ်ဒီ့ကိုသိစေချင်သေးသည်...ရုပ်ရှင်ရုံသို့ရောက်ခဲ့ပြီးဖြစ်သည်...ညှက်ဖြူသည်...
" ရှိုန်း ဇာတ်ကားလေး ကောင်းတယ်နော"
" ထင်တာဘဲ...ဪဒါနဲ့ ဇာတ်ကားပြီးတာနဲ့
ပြန်မယ်နော..."" အင်းပါ..."
ညှက်ဖြူ ရင်ထဲ ကလိကလိဖြစ်နေမိသည်
ချစ်ရသည့်လူဖြစ်နေလို့သာ ညှင်သာစွာပြော
ဆိုနေခြင်းဖြစ်သည်...တစ်ခြားလူဖြစ်ကြည့်ပါ
လားဒီလိုပုံစံဆိုရင် ဒီနေရာတွင်သာ ရိုက်သတ်
မိမှာအမှန်ပင်...သူမရင်ထဲစကားသံကို ရှိုန်းသာကြားလျှင်တော့ မတွေးရဲစရာပါ...ရှိုန်းက ဇာတ်ကားကိုမကြည့်ဘဲ ခြေချိတ်ပြီး လက်ပိုက်ကာမှေးဆင်းကာ အိပ်နေလေသည်...ညှက်ဖြူသည် ရှိုန်းအိပ်နေသည့်အတွက်ရုပ်ရှင်ပင်မ
ကြည့်နိုင် ရှိုန်းကိုသာ ကြည့်နေတော့သည်...နင်အရမ်းခန့်ပြီးချောနေတာဘဲရှိုန်း...ငါလေးစိတ်မချ ချင်တော့ဘူး...တစ်ကိုယ်လုံးလဲယောက်ျားလေးတန်မဲ့ဖွေးဥနေတာ...အကြောတွေတောင်မြင်နေရတယ်...&%&$^$#%&
ရှိုန်းကို စာဖွဲ့ကာအတွေးထဲတွင်မှတ်ချက်ပေးနေမိတော့သည်...ညှက်ဖြူသည် ရှိုန်း၏နှာတံချွန်ချွန်လေးကိုလက်ညိုးဖြင့်ထိဖို့ရန်လုပ်နေစဥ်...
" ဘာလုပ်တာလဲ..."
" ဟိုလေး...ငါ ဟို..."
" တော်တော့ညှက်ဖြူ...မင်းအရှက်မရှိဘူးလား
သွေးသားမတော်စပ်ဘဲ လာထိတွေ့ဖို့ကြံနေတာ
ကိုလေး"" နင့်နှာတံလေးက လှလို့ ကိုင်ကြည့်ချင်ရုံပါ"
ရှိုန်းသည် ပင့်သက်ရှိုက်ကာ

YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Любовные романыဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ( Dark ကပါမှာမလို့ အဆင်မပြေ ရင်ကျော်ဖတ်ပေးပေါ့နော) ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...