မျက်နှာဖုံးနှင့်ချစ်သူ

538 3 1
                                        

Unicode...

                     မျက်နှာဖုံးနှင့်ချစ်သူ

                           Part - 14

ရှိုန်းသည် ခက်ထန်သောမျက်နှာဖြစ်သွားပြီး
ထွက်သွားလေသည်...ဟုတ်ပါသည်...
အမေချင်းကိုယ်ချင်းစာသည့်အတွက် သူ၏မုန့်ဖိုးကိုစေတနာနှင့်ထုတ်ပေးလိုက်ခြင်းဖြစ်ပါသည်...ဒါကိုချစ်တဲ့သူမလေးက သူ့ကိုအရော
ဝင်သည်တဲ့လား...ခံရခက်ပါ၏...

ရှိုန်းပြန်သွားပြီး...မယ်သည်မိခင်အား

" မေကြီး ဧည့်သည်လဲ ပြန်သွားပြီးဆိုတော့
ထမင်းစားလိုက်ပါဦး...ပြီးရင်ဆေးသောက်
ရမယ်နော..."

" သိပါတယ်...ကောင်လေးက အရမ်းကို
လူသားဆန်တာဘဲ...သူများအကျိုးကို
ကြည့်ပေးတာဘယ်လောက်ကောင်းတဲ့
အလုပ်လဲ..."

" သဘောတွေကျနေပြန်ပြီးလားမေကြီး..."

" ဒီနေ့ခေတ်မှာ သူ့လိုစိတ်ထားမျိုးကရှား
တယ်လေး...ဖြစ်နိုင်ရင်သားမက်တောင်
တော်ချင်သေးတယ်..."

" ဟင့်မေကြီး...မေကြီးသားမက်တော်ချင်တော်
မယ်က အဲ့လူကိုကြည့်လို့ကိုမရဘူး..."

" ထားပါတော့..."

ညပိုင်းသို့ရောက်လာသော် ဆောင်းတွင်းမို့ အအေးဓာတ်လေး ပိုကဲနေလေသည်...
ရင်ကြပ်သဘ်ဒေါ်မိုးခင်အတွက်တော့ဒီဆောင်း
ကိုအခုချက်ချင်းသာ ကုန်စေချင်ပါသည် ...
သို့သော် ဆောင်းလေပြေညှင်းသင်းသင်းလေးက ဒေါ်မိုးခင်ကိုဥပေက္ခာပြုထားလို့နေသည်...

" မေကြီး ချောင်းတွေတအားဆိုးနေပါလား"

" အေကွယ် ဆောင်းလေကအရမ်းအေးတော့
ဘယ်လိုမှနေလို့မရဘူးကွယ်..."

" ရေနွေးပူပူလေးသောက်မလားမေကြီး
မယ်တည်ပေးမယ်လေး..."

" နေပါစေ..."

" ဘာကိုနေပါစေလဲ...ဒီလောက်ကြပ်နေတာကို
ရေနွေးပူပူသောက်ချလိုက်ရင် သက်သာတယ်
မဟုတ်လား ခဏလေးဘဲစောင့်ပါ...မယ်တည်
လိုက်ပါ့မယ်"

ကြယ်လေးသည် အစ်မဖြစ်သူရေနွေးတည်ဖို့ရန်
ထင်းသွား၍သယ်ပေးလေသည်...

" ကြယ်လေး နင်သွားအိပ်တော့လေးသွား
မနက်ကျောင်းတက်ရမယ်မဟုတ်လား...
သွား သွား..."

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now