Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 23
" ခစ်ခစ်ခစ်...ကောင်းတုန်းကကောင်းနေပြီးတော့..."
" ဟား မင်း...."
ကြယ်လေးသည် သပတ်ယူကာတစ်ချိုးတည်းရေသွားချိုးလေတော့သည်...
ညပိုင်းထမင်းဝိုင်းတွင်...
ရှိုန်း မယ် ကြယ်လေးတို့ ထိုင်ကာ ထမင်းစား
နေသည်...မယ်သည် မျက်နှာပူလွန်း၍ပေါက်ထွက်မတက်ပင်...ရှိုန်းမှာလဲ ပျော်တာတစ်ကြောင်း ရှက်တာတစ်ကြောင်းနှင့်ထမင်းကိုဟင်းမပါဘဲစားနေသည်...တိတ်ဆိတ်သည့် ထမင်း
ဝိုင်းထဲ ဖြိုခွင်းလိုက်သူကကြယ်လေးသာ...
" အဟမ်း...အဟမ်း သားစားပြီးပြီးအစ်မ..."
" အေအေ...ပန်းကန်ထားခဲ့လိုက် အစ်မဆေး
လိုက်မယ်..."
" ရပါပြီး...ယောက်ဖကိုသာ ဟင်းထည့်ပေး
လိုက်ဦး...သူ့မှာလဲ ထမင်းဖြူတွေချည်းစား
နေရတာ သနားပါတယ် "
" ဟမ်း..."
ပြောချင်ရာပြောပြီး ကြယ်လေး ပန်းကန်ဆေးရန် အနောက်သို့သွားလေသည်...ရှိုန်းမတော့ယောက်ဖအခေါ်ခံရ၍ပြုံးနေဆဲပင်...
" ဟင်းထည့်စားလေး..."
" မယ်ထည့်ပေးပေါ့..."
" ဟား...ကို့ဟာကိုထည့်စားလဲဖြစ်ရဲ့သားနဲ့"
" မထည့်ရဲဘူးကြောက်တယ်..."
မယ်သည် စိတ်ထဲ
( ငါရည်းစားရတာလား ကလေးကောက်ရ
တာလား မသဲကွဲဘူး...ငါ့နှယ်...ကလေး
ထိန်းနေရသလိုဘဲ...ဟိုနေရာကျ ထိန်းစရာ
ကိုမလိုဘူး...သွက်နေရော...နှာဘူး...)
စိတ်ကျိန်ဆဲနေ၍ ရှိုန်းထမင်းဝါးရင်းလျှာကိုက်မိပါစေဟုဆုတောင်းနေမိသည်...
" အာ့...ကျစ်..."
" ဘာဖြစ်တာလဲ..."
" လျှာကိုက်မိလို့...ဘယ်သူကို့ကို ကျိန်ဆဲနေလဲ
မသိဘူး..."
မယ်ပြုံးရင်းသူ့အားဟင်းထည့်ပေးနေမိသည်...
အခုလိုကြတော့လည်းရှိုန်းသည်အပြစ်ကင်းစွာ
မယ့်အိမ်ကဆန်ကြမ်းဖြစ်သည့်ထမင်းကို အားရပါးရစားနေသည် ဒါကို သခင်မကြီးသာ
သိခဲ့လျှင် သူမကိုမည်သို့ အပြစ်ပြောမှာပါလိမ့်
ခက်သည် ဒီလူသားကိုချစ်ရတာ ကြောက်လဲကြောက်သလို ခက်လဲခဲပါသည်...အဆင့်အတန်းကမိုးနှင့်မြေလိုသာမကွာခြားလျှင်ဘယ်လောက်ကောင်းလိုက်မလဲနော...အခုတော့
သူ့ကိုချစ်ရတာရင်တစ်မမနှင့်ပင်...
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romanceဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
