မျက်နှာဖုံးနှင့်ချစ်သူ

122 1 0
                                        

Unicode...

                        မျက်နှာဖုံးနှင့်ချစ်သူ

                             Part - 19

ဒီညတော့ မယ်တစ်ယောက်ကတုံကယင်ဖြစ်ပြီးတော်တော်နှင့်အိပ်မပျော်ခဲ့ပါ...
မနက်၅နာရီထိုးသော် မယ်သည် အိမ်ကြီးအရှင်သခင်များအတွက် မနက်စာပြင်ပေးလေသည်...သက်ထားနှင့်ရည်ထွေးသည်...

" ဟဲ့ဒါနင့်အလုပ်မို့လို့လား..."

" ဟို...မယ်က အစောကြီးနိုးနေတာမို့
လာလုပ်တာပါ..."

" မလိုပါဘူးငါနဲ့ရည်ထွေးကိစ္စပါငါတို့လုပ်ရမဲ့
အလုပ် နင့်အလုပ်သာနင်လုပ်စမ်းပါ...
ဒီနေ့ မမလေးညှက်ဖြူကအိမ်လာမှာ...
နင်သတိထားနေ"

" ရှင်...ဘာဖြစ်လို့လဲ..."

" နင်ပအချိုးမှမပြေဘဲ...အဟင်း...လာ
ရည်ထွေး တို့အလုပ်တို့လုပ်ရအောင်..."

မယ် လှီးဖြတ်ခုတ်ခက်ထားပြီးလုပ်ထားသည်မှာ တစ်ဝက်နီးနီးပြီးစီးနေပြီးဖြစ်သောကြောင့် သူမတို့နှစ်ယောက်ဒီမနက်အဖို့ သက်သာနေပါပြီး...
ဇလပ်အိပ်ရာမှာနိုးသော် မယ်ကိုမတွေ့ပါ...မျက်နှာသစ်သပ်ပြီး ခြံထဲတံမြတ်စည်းလှည်းနေသောမယ်ကိုတေီ့သော်...

" မယ် ငါ့ကိုတောင်မနှိုးဘူးနော..."

" မဟုတ်ပါဘူး နင်အိပ်ရေးပျက်မှာကြောက်လို့ပါနော..."

" ထားပါတော့...ဒါနဲ့နင့်မျက်နှာကမကောင်းပါ
လား ဘာဖြစ်တာလဲ..."

" ဟိုလေး မမလေးညှက်ဖြူလာမယ်တဲ့ သက်ထားကငါ့ကိုသတိထားနေဖို့ ပြောတယ်..."

" အဟင်း...ဂရုစိုက်မနေနဲ့ နသ်အမှားမလုပ်ရင်
ရပြီး ဟုတ်ပြီးလား..."

" အင်းပါ..."

" ဒါနဲ့ နင်ကလှတော့ ဟိုကမနာလိုရင်တော့
ငါလဲမသိဘူး..."

" ငါကဘယ်နားလှလို့လဲ...ဒီလောက်ညိုနေတဲ့အသားကို..."

" ညိုချောတွေက ပိုလို့တောင်လှသေးတယ်ဟ"

" နင်ကတော့မြှောက်နေပြန်ပြီးလာလာ တံမြတ်စည်းလှည်း..."

" အင်းပါ..."

7နာရီထိုးသော် ဦးဇွဲသစ်နှင်ဒေါ်ငွေခင်တို့လင်မယားပြင်ဆင်ပြီးဆင်းလာခဲ့လေသည်...

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now