မျက်နှာဖုံးနှင့်ချစ်သူ

335 6 0
                                        

Unicode...

                    မျက်နှာဖုံးနှင့်ချစ်သူ

                            Part - 3

" အေ့ပါနင့်သဘော..."

မယ့်စကားကြောင့် သူမ မယ့်ကိုကြည့်ပြီး ပိုပိုပြီး
သနားမိပါသည်...သို့သော်ထုတ်မပြောပါ...
မယ်က သနားသည်ကိုမကြိုက်သောမိန်းမသား
တစ်ဦးဖြစ်သည်....

နေ့လယ်ပိုင်းသို့ရောက်သော် ရှိုန်းသည် ဧည့်ခန်းရှေ့တွင်ထိုင်နေပြီး သတင်းစာဖတ်နေလေသည်...ဒေါ်ငွေခင်သည်

" သားလေး..."

" ဟုတ်ကဲ့မာမီ"

" အနားယူလို့ဝပြီးလား"

" ဗျာ..."

" ဪမာမီပြောချင်တာက အိုးရိုးရိုးရှင်းရှင်းဘဲ
ပြောမယ်သားရယ်"

" ပြောပါမာမီ "

" မနက်ဖြန် သားက သားဒယ်ဒီနဲ့လိုက်သွားပြီး
စက်ရုံကိုလေ့လာစေချင်တယ်...
သားဒယ်ဒီကအသက်ကြီးနေပြီး..."

" ကောင်းပါပြီး..."

ရှိုန်းသည် စိတ်မသက်သာသည့်လေသံဖြင့်ပြန်ဖြေလိုက်ပါသည် ဒေါ်ငွေခင်ကလိုချင်သည့်အဖြေရသွားသောကြောင့် မျက်နှာကပြုံးဖြီးလို့နေသည်...

မယ်သည် အိမ်ပြန်ရောက်သော်

" ကြယ်လေး...ဖေကြီးနဲ့မေကြီးရော..."

" အလုပ်ဆိုဒ်က ခေါ်လို့သွားတယ်..."

" ဒီနေ့ကတနင်္ဂနွေနေ့လေး "

" အဲ့ဒါတော့သားလဲမသိဘူး...."

" အေထားပါတော့ နင်ထမင်းစားပြီးပြီးလား"

" မစားရသေးဘူး အစ်မကို စောင့်နေတာ"

" အင်း...ငါနင်ကြိုက်တဲ့ကြက်ကင်ယူလာတယ်...
စားမလား"

" ယူလာမှတော့စားမှာပေါ့အစ်မရယ်"

" ဒါဆို ထမင်းခူးမယ်ကူပေးဦး"

ကြယ်လေးသည် ပြုံးကာပြန်ဖြေသည်...

" ဟုတ်ကဲ့"

" စားချင်တာစားရတော့မယ်ဆိုတော့
မျက်နှာကပြုံးပြီးဖြီးနေတာဘဲနော..."

" ဒါပေါ့..."

မောင်နှမနှစ်ယောက်သား စရင်းနောက်ရင်း
ထမင်းစားလေသည်...သူမတို့ထမင်းစားပြီးခဏကြာသော် မိဘနှစ်ယောက် ပြန်ရောက်လာလေသည်...ကြယ်လေးသည်

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now