Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 11
ကြယ်လေး ဝယ်ပြီး သေချာထုတ်ထပ်ပြီး
လွယ်အိတ်ထဲ ထည့်ထားလေသည်...
လမ်းလျှောက်ရင်း ကြယ်လေးဆုတောင်းနေသည်မှာ မေကြီးမဆူပါစေနှင့်ပင်....
ဒီမနက်နိုးထလာရသည်မှာ ရှိုန်းအတွက်ပိုပြီး
အရသာရှိလှသည်...တစ်ဖက်သတ်ချစ်ရသူလေးပေးထားသော မုန့်လေးကို စားပြီး ကြည်နူး
နေမိသည်...
" အန်တီခင်..."
ညှက်ဖြူ၏ခေါ်သံကြောင့် ဒေါ်ငွေခင် လှည့်ကြည့်မိသည်...
" ဪသမီးလေး ညှက်ဖြူ လာလည်တာလား"
" ဟုတ်ကဲ့အန်တီ အိမ်မှာမုန့်ဟင်းခါး ချက်တာ
မို့မာမီက အန်တီခင်တို့အိမ်ကိုစားစေချင်လို့
လာပို့တာပါ"
" ကျေးဇူးပါဘဲကွယ်...အန်တီတို့လဲညမုန့်ဟင်း
ခါးကြိုက်တယ်..."
" ဟုတ်ကဲ့ အန်တီ...ဒါနဲ့ ရှိုန်းရော..."
" သားအပေါ်မှာပြင်ဆင်နေတာထင်တယ်...
ဟော် ဟိုမှာဆင်းလာပြီး..."
ညှက်ဖြူသည်...
" ရှိုန်း...နင်စက်ရုံသွားတော့မလို့လားး"
" အင်း...ဟုတ်တယ်...မင်းရောဘာလာလုပ်တာ
လဲ..."
ရှိုန်းစကားကြောင့်ဒေါ်ငွေခင်သည်
" သားဘယ်လိုကြီးပြောလိုက်တာလဲ
သမီးလေး ညှက်ဖြူက မာမီတို့အတွက်မုန့်ဟင်း
ခါးလာပို့ပေးတာလေး..."
" ဪဟုတ်လား...မာမီ ကျွန်တော်
သွားတော့မယ်...နောက်ကျနေပြီး..."
" သွားတော့မလို့လား...မုန့်ဟင်းခါး စားသွား
ပါဦးလား..."
" မစားတော့ပါဘူးမာမီ ကျွန်မနေ့ညကမုန့်တွေ
ဒီမနက်မှစားလို့ဗိုက်ပြည့်နေပါပြီး..."
." ဟုတ်ပါပြီး ဒါဆို ကားကိုဂရုစိုက်မောင်းဦးနော"
" ဟုတ်ကဲ့မာမီ..."
ရှိုန်းထွက်သွားပြီး ညှက်ဖြူ သည်
" အန်တီခင်...ရှိုန်းမှာကောင်မလေးရှိနေတာလား"
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romanceဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
