မျက်နှာဖုံးနှင့်ချစ်သူ

263 3 0
                                        

Unicode...

                     မျက်နှာဖုံးနှင့်ချစ်သူ

                             Part - 22

ဒေါ်မိုးခင်တော့ ရှိုန်း၏လုပ်ဇာတ်ထဲသို့ရောက်သွားလေသည်...သို့သော်လဲမယ်ကိုချစ်သည့်စိတ်နှင့်သာ...မယ်နှင့်သူတစ်စက္ကန့်လေးပင် မဝေးချင်ပါ...ထို့ကြောင့်ဤအကြံကိုခက်ခဲစွာထုတ်လိုက်မိပါသည်...

ညနေပိုင်းသို့ရောက်သော်မယ်သည်...

" ပြန်မယ်လေး..."

ဒေါ်မိုးခင်သည်...

" ဟဲ့ သမီးမယ်...ဘယ်ကိုပြန်မှာလဲ..."

" အလုပ်ရှင်ရဲ့အိမ်ကိုပါ..."

ရှိုန်းသည်

" ကိုပြောပြီးပြီး မယ်ရဲ့ မယ့်ရဲ့အလုပ်ရှင်ကို..."

မျက်ခုံးပင့်ကာ မယ်သည်သူ့အားပြူးကြည့်နေလေသည်...မအံ့သဥည့်ပုံနှင့်

" ဟုတ္လား ဒါဆိုရင် ကျေးဇူးတင်ပါတယ်
ကိုဇွဲရှိုန်းခန့် "

" ရပါတယ် အချင်းချင်းဘဲဟာ..."

" ဒါဆို မေကြီးမယ်ရေချိုးတော့မယ်နော
မေကြီးထမင်းဆာရင် စားနှင့်နော စားပွဲပေါ်မှာ
အဆင်သင့်ဘဲ..."

" အေးပါ...ရေသွားချိုးချည် ပြီးရင် ညည်း
အစ်ကိုအတွက် ကြယ်လေး အဝတ်အစားတွေထဲက ထုတ်ပေးလိုက်ဦး..."

" ဗျာ..."

" ဒီလိုသားရဲ့ သူတို့အဖေအဝတ်အစားတွေပါ
သူများကိုပေးမယ်လုပ်တော့ ကြယ်လေးက
မေပးဘူးတဲ့ သူ့ဖေကြီးအင်္ကျီတွေကို သူကြီးလာ
ရင်ဝတ်မှာတဲ့..."

" ဪ မိုးသောက်ကြယ် လေးက သူ့အဖေကိုအရမ်းချစ်တာထင်တယ်..."

" အဟွန်း...ဒါပေါ့...သားရဲ့...ခုသူ့အဖေမရှိတော့
အန်တီ့အနားကပ်ပြီးချွဲနေတာ...ဒါနဲဘယ္သြား
ပြန်လဲမသိဘူး..."

" သွားကစားတယ် မေကြီး...မယ့်ကိုပြောသွားတယ်...တစ်ပတ်တစ်ခါဘဲဆော့တာ ဘာမှမဖြစ်ပါဘူးအခုအိမ်မှာမယ်လဲရှိသားကို"

" အေ့ပါ အေမက ဘာမှမပြောဘူး...ရေချိုးမှာဆိုဘာလုပ်နေလဲ ရင်လျားကြီးနဲ့"

" ချိုးမှာပါမေကြီးကလဲ"

မယ်ဆုပုတ်ပုတ်လေးနှင့်ရေသွား၍ချိုးလေသည်...ရေချိုးသည့်နေရာနှင့် ရှိုန်းတို့စကားပြောနေသည့်နေရာသည် တန်းနေအောင်မြင်ရသည်
အပြင်ဘက်ကမမြင်ရသော်လဲ အိမ်ထဲရှိလူများက မြင်ရသည်...

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now