မျက်နှာဖုံးနှင့်ချစ်သူ

122 2 0
                                        

Unicode...

                 မျက်နှာဖုံးနှင့်ချစ်သူ

                        Part - 18

တကယ်တော့ ဒေါ်ငွေခင်က ညှက်ဖြူဆိုသည့်မိန်းကလေးကိုသဘောကျသည်မဟုတ်...သူမပိုင်ဆိုင်ရမည့်အမွေများကိုသာဖြစ်သည်...

" အန်တီခင်လဲ ဒီအပတ်သောကြာနေ့ နယ်ဘက်
သွားမလို့ သောကြာနေ့ထက်စောရင်လဲစော
နိုင်တယ် မပြောတတ်သေးဘူး..."

" ဟုတ်ကဲ့ စိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါ...
ရှိုန်းကို ဖြူက အန်တီ ခင် ကိုယ်စာ ဂရုစိုက်ပေး
မှာပါ...ဟင်းဟင်း"

" ဟုတ်ပါပြီး သမီးလေးညှက်ဖြူနဲ့သာဆို
အန်တီခင်က စိတ်ချပြီးသားပါ..."

မယ်နှင့်ဇလပ် ထမင်းစားပြီး ခဏနားနေသည်မို့
ခြံရှေ့မှ ဗန်ဒါပင်အရိပ်အောက်တွင်ထိုင်ကာ
စကားသီဖွဲ့နေလေသည်...ထိုအချိန်ဒေါ်ငွေခင်သည်...

" ဟဲ့ ညည်းတို့နှစ်ယောက်ဒီလောက်တောင်
အားနေလို့စကားဖွဲပြောနေကြတာလား..."

ဇလပ်သည်...

" မဟုတ်ပါဘူးသခင်မကြီး ဇလပ်တို့ထမင်းစား
ပြီးခဏနားနေကြတာပါ..."

" ဆင်ခြေတွေချည်းဘဲ...ကဲထားတော့
ဒီအပတ်ထဲ ငါတို့လင်မယား နယ်ဘက်ခဏ
ဆင်းမလို့ သမီးလေး ညှက်ဖြူလဲ ဒီမှာလာ
နေတယ်ဆိုတော့ ဒီအိမ်အရှင်သခင်မလေး
လိုဘဲဆက်ဆံကြားလား..."

" ဟုတ်ကဲ့သခင်မကြီး "

မယ်သည် ဘာမျှပြန်မပြောဘဲ ခေါင်းကိုသာငုံ့ထားလေသည်...

" ဟဲ့ မိမယ် ညည်းလဲပါတယ်"

" ဟုတ်ကဲ့ မယ်ကြားပါတယ်..."

" ကြားရင်ပြီးတာဘဲ...သမီးလေး ညှက်ဖြူအတွက် အခန်းသေချာရှင်းပေးထားကြ"

" ဟုတ်ကဲ့..."

မယ်နှင့်ဇလပ်တို့ အတူ ညှက်ဖြူနေမည့်အခန်းကိုသေချာ ရှင်းလင်းပေးထားကြည်...
သက်ထားနှင့်ရည်ထွေးသည် သူမတို့နှစ်ယောက်ကို အမြင်ကပ်စွာကြည့်နေလေသည်...

" ရည်ထွေးနင်သိလား တချို့တွေက အိမ်ကြီး
ရှင်သခင်မ သိပ်ဖြစ်ချင်နေတာ...အပြင်ကသာ
မထုတ်ပြောတာ ရင်ထဲမှာတော့ အရမ်းကို
ဖြစ်ချင်နေလေရဲ့..."

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now