Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 8
ဖခင်စကားကြောင့်မောင်နှမနှစ်ယောက်လုံးတိတ်သွားကြလေသည်...
ကားလေးတစ်ရွေ့ရွေ့နှင့်မောင်းလာသည်မှာ
အိမ်သို့ရောက်လာခဲ့ပြီးဖြစ်သည်
" အိုး...မာမီ့သားကြီး..."
" မာမီလှလို့ဝလို့ပါလား..."
" ကျန်းမာနေလို့ပေါ့ သားရယ်...ဒါနဲ့အငယ်မ
ဘာဖြစ်လာတာလဲ...နှုတ်ခမ်းက ဘဲနှုတ်သီး
ဖြစ်နေပြီး"
ဘုန်းထက်သည်ပြုံးကာ မိခင်အား
" မာမီ့သမီးကစိတ်ကောက်နေတာ..."
" ဟယ်ဘာဖြစ်လို့လဲ"
" သားပြန်လာတာ သူ့အတွက်လက်ဆောင်
မပါလို့တဲ့"
" ဪသမီးငယ်ရယ် ကိုကိုကခရီးပန်းလာတာ
လေးဘယ်လိုလုပ်လက်ဆောင်ပစ္စည်းကပါမှာ
လဲ ကဲခဏနားကြ ပြီးရင်တို့မိသားစုတွေထမင်း
လက်စုံစားကြမယ်..."
ညပိုင်းကုန်းဆုံးကာ မနက်ပိုင်းသို့ရောက်လာခဲ့
လေသည်...ဆောင်းတွင်းမို့ မနက်အစောကြီးအများသူငါ လက်လျှောက်ထွက်ကြလေ့ကျင့်ခန်းလုပ်ကြနှင့်ပင်...ထိုကြားထဲ ရှိုန်းလဲပါသလို
ဘုန်းထက်လဲပါသည်...ရှိန်းသည် ခါးကို အကြောလျှော့နေတုန်း...
" ဟေ့ bro... "
ရှိုန်း ကြည့်လိုက်သော် သူနှင့် သိသည့်လူလဲမဟုတ်ပါ...ဘာမှပြန်မပြောဘဲ နှုတ်ဆက်လိုက်သည်...
" ပြန်ရောက်တာကြာပြီးလား..."
" ဗျာ...Bro က ကျွန်တော့်ကိုသိနေတာလား..."
" Bro မမှတ်မိဘူးထင်တယ်...Uk မှာ ဘွဲ့သဘင်
မှာ ဆုံကြသေးတယ်လေး..."
" ဪမှတ်မိပြီး...ဘုန်းထက်နိုင်...ဟုတ်တယ်
မလား..."
ဘုန်းထက်သည် ပြုံးကာ
" ဟုတ်ကဲ့ ကျွန်တော်ပါဘဲ ကို ဇွဲရှိန်းခန့်..."
" တွေ့ရတာဝမ်းသာပါတယ် ဘယ်တုန်းက
ဘယ်ရောက်နေတာလဲ"
" မနေ့ညကဘဲ..."
" ဒါနဲ့ ပြန်လာတာနောက်ကျတယ်နော်...
ကျွန်တော်တောင်ပြန်ရောက်တာ နှစ်လနီးပါး
ရှိရောပေါ့..."
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romanceဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
