Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 6
လောကတွင် အဖေဆိုတာမိသားစုအတွက်
သူရဲကောင်းဖြစ်ပြီးခိုလုံရာရဲတိုက်ကြီးတစ်ခု
ဖြစ်ပါသည်...
ဒေါမိုးခင်သည် မနက်အစောကြီးထပြီး
အိမ်ရှေ့တွင် ထိုင်ကာ စဥ်းစားနေလေသည်...
" မေကြီး ဘာတွေစဥ်းစားနေတာလဲ..."
" ဪသမီး မယ် နိုးနေပြီးလား..."
" ဟုတ်မေကြီး...ဖေကြီးမရှိတော့
မေကြီးက မယ်တို့မောင်နှမဝန်ကိုထမ်းနေရပြီး
နော..."
" မဆိုင်တာမိမယ်ရယ်...ညည်းတို့မောင်နှမက
ငါ့သွေးတွေလေး...ငါလုပ်ကြွေးရမှာငါ့တာဝန်
ညည်းတို့တာဝန်က ပညာတတ်ကြီးဖြစ်အောင်သာလုပ်စမ်းပါ..."
" ဟုတ်မေကြီး မယ်ကြိုးစားမှာပါ"
" မေကြီးသမီးကိုတိုင်ပင်မလို့..."
" ပြောလေး...မေကြီး..."
" မေကြီး...အကြော်ဆိုင်လေးဖွင့်ချင်လို့
အိမ်ရှေ့မှာ..."
" ကောင်းသားဘဲ...ဒါပေမဲ့ ကျန်းမာရေး
အတွက်ရေရှည်မကောင်းဘူးလေးမေကြီး..."
" ဘာဖြစ်ဖြစ်ပါ နောင်ပြဿနာနောင်မှရှင်းမယ်"
" ဒါဆိုရင်လဲ မေကြီး သဘော ပါ"
ဒေါ်မိုးခင်သည် ဒီလိုနှင့် အကြော်စုံဆိုင်လေး
ဖွင့်လေသည်...ဘူးသီးကြော်...ပဲကပ်ကြော်...
မုန့်ဆီကြော်...မုန့်လုံးကြီးကြော်...ပုစွန်စာရွက်ကြော်...မြင်းခွာရွက်ကြော်...ပဲပင်ပေါက်ကြော်
အာလူးကြော်...ကန်စွန်းဥကြော်.....စသည့်
အကြော်စုံများသူမစ၍ရောင်းလေသည်....ကြယ်လေးသည်...ကျောင်းပိတ်တိုင်းပျောက်ပျောက်သွားတတ်သည်...အလုပ်မအားသောကြောင့် ဒေါ်မိုးခင်လဲ ဘာမှမပြောပေ...မယ်က အိမ်မှုကိစ္စနှင့်ကျောင်းစာများကိုလုံလည်ချာလည်အောင် လုပ်နေရသည် အိမ်အလုပ်က ဘယ်လောက်လုပ်လုပ်ကုန်သည်ကို
မရှိပါ...ပျင်းသည့်သူများအတွက်တော့ အိမ်အလုပ်က ရှိကိုမရှိပါ...
တစ်ဖက်တွင်ဒေါ်ငွေခင်သည်...ဦးဇွဲသစ်အား
" ကိုဇွဲသစ်..."
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romantikဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
