Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 5
သူမငယ်ထိပ်ကို မိုးကြိုကြီးပစ်ချလိုက်သလိုဖြစ်သွားရသည်...
ကံကြမ္မာက သူမမိသားစုလေးကိုဘယ်တုန်းကမှမျက်နှာသာမပေးခဲ့ပါ...သူမ ကိုပြုံးနှင့်ပြေး၍လိုက်သွားသည်...လဲ့သည်လဲအတူတူလိုက်ပါသွားသည်...
အလုပ်ဆိုက်သို့ရောက်သော် သွေးသံတစ်ရဲရဲ့
နှင့်ဖခင်ဖြစ်သူ၏အလောင်းသည်မြင်လို့ပင်မကောင်းပါ...မိခင်ဖြစ်သူက
" အမလေးကိုလူဇော်ရေ့...ရှင်ကျွန်မတို့ကို
ထားခဲ့ပြီးလား ကိုလူဇော်ရဲ့..."
မယ်သည် အပြေးလွှားသွားပြီး...
" ဖေကြီး...ဖေကြီး...သမီးခေါ်နေတယ်လေး
ဖေကြီးလို့...ဖေကြီး...ဖေကြီးကသေတာမဟုတ်
ဘူး...မေကြီးဖေကြီးကမသေဘူးနော...
ဖေကြီးအိပ်နေတာမဟုတ်လား...ဖေကြီးက
စူပါမန်းကြီးပါ...အီးးးဟီးးးအဟင့်...ဖေကြီး
သမီးကိုထကြည့်ပါဦး"
ဒေါ်မိုးခင်သည်.... ငိုကာ
" ကိုလူဇော်ရယ်...မနက်ကတောင် ရှင်အကောင်း
ကြီးပါ...ကျွန်မပြောပါတယ် နမိတ်မရှိနမာမရှိ
တာမပြောပါနဲ့လို့...ကိုလူဇော်...ရှင်ကအေးအေး
ဆေးဆေးထွက်သွားနိုင်ပြီးပေါ့...ကျွန်မက
ဘယ်လိုလုပ် ဒီကလေးတွေကို ပျိုးထောင်ရမ
လဲ...အဟင့်...ဟင့်...အီးးးဟီးးး..."
ကြယ်လေးသည်...သန်မာသည့်ကလေးဖြစ်
သည့်အတွက်ကျလာသည့်မျက်ရည်များကို
လက်ညိုးဖြင့်ဖယ်ရှားပြီး...
" မေကြီး...အစ်မ မငိုပါနဲ့...ဒီလိုငိုနေလို့ ဖေကြီး
က အသက်ပြန်ရှင်လာမှာမို့လို့လား...သားတို့လဲ
တစ်ချိန်ဆို ဒီလမ်းကိုသွားရမှာဘဲ..."
ကလေးတစ်ယောက်ကဒီလိုပြောနေသည့်အတွက်ဝိုင်းအုံနေသည့်လူများက ခေါင်းတစ်ညိတ်ညိတ်နှင့်ပင်...လဲ့သည်လဲ မယ်ကိုဖက်ကာ
" ငိုမနေပါနဲ့မယ်ရယ်...ဦးလေးက အခုဆို
နင်တို့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေလိမ့်
မယ်ဟ..."
" ငါဘယ်လိုလုပ်နေနိုင်မှာလဲဟ...ငါ့မှာ
ဒီအဖေဒီအမေနဲ့ဒီမောင်လေးဘဲရှိတယ်
အဖေကအခုလိုဖြစ်သွားတော့ငါဘယ်လို
ဖြေသိမ့်လို့ရမှာလဲ...အခုတောင်ငါ အနှိမ်ခံ
နေရတာ အဖေကရုတ်တရက်ဒီလိုဖြစ်သွား
တော့ ငါဒီထက်အနှိမ်ခံရမှာ...အဟင့်...အီးးး
ဟီး..."
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romanceဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
