Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 15
မယ်သည် ပြုံးကာဖြေလိုက်သည်... ဤအိမ်က
ရှိုန်း၏အိမ်ဖြစ်နေမည်ဆိုတာသူမသိခဲ့လျှင်....
ခဏအကြာထိုအဒေါ်ကြီးနှင့်သခင်မကြီးဟူသောအမျိုးသမီးတစ်ဦးဆင်းလာခဲ့သည်...
မျက်နှာပုံက ခက်ထန်သည်...
" ဒီကိုရောက်ပြီးဆိုတော့ ညည်းကအိမ်ဖော်လုပ်
ရမယ်ဆိုတာ သိတယ်မလား"
ရင့်မာသည့်စကားကြောင့် မယ်ကိုယ်တိုင်အံ့သြရသည်...အဆင့်အတန်းမြင့်သလောက် မောက်မာသည်မှာ မဆန်းပါ...
" ဟုတ်ကဲ့ "
" ညည်းနာမည်ကဘယ်လိုလဲ"
" ယဥ်ကျေးမယ်ပါရှင့်...လူတိုင်းကမယ်လို့ဘဲခေါ်ပါတယ်ရှင့်..."
" အဲ့ဒါညည်းအပိုင်းပါ...ဒါနဲ့ ပညာအရည်အချင်း
ကရော..."
" မေကြီးနေမကောင်းလို့ ဒုတိယနှစ်ကိုနားထား
ပါတယ်"
အထင်သေးအမြင်သေးကာ
" ဪ...ဟုတ်လား အသက်ကရော"
" ၁၈ ကျော်ပါပြီး..."
" မဆိုးပါဘူး...ငယ်သားဘဲ..."
ခဏအကြာ ရှိုန်းအပေါ်မှဆင်းလာခဲ့လေသည်...
သူမ ရှိုန်းကိုတွေ့သော် လန့်သွားလေသည်...
နောက်ဘဲဆုတ်ရမလာ ရှေ့ကိုဘဲတိုးရမလား...
သူမ တွေဝေနေမိသည်...ရှိုန်းက ခပ်တည်တည်ပင်...
" ဪသားလေးစက်ရုံသွားတော့မလို့လား"
" ဟုတ်မာမီ..."
" ဒီမယ် ဒါက ငါ့ရဲ့တစ်ဦးတည်းသောသား
ဇွဲရှိုန်းခန့်... တဲ့..."
" ဟုတ်ကဲ့ ကိုဇွဲရှိုန်းခန့်"
ဒေါ်ငွေခင်သည်... ခက်ထန်သည့်မျက်နှာထား
နှင့်...
" ညည်းဘယ်လိုခေါ်လိုက်တာလဲ..."
" ရှင်"
" ညည်းရဲ့အဆင့်အတန်းနဲ့ ငါ့သားကို နာမည်
ခေါ်ရလား...ဒီအိမ်မှာအလုပ်လုပ်ရင် ဒီအိမ်ရဲ့အခေါ်အဝေါ်နဲ့စည်းကမ်းတွေကိုလိုက်နာ...
ငါ့သားကို သခင်လေးလို့ခေါ်..."
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romanceဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
