မျက်နှာဖုံးနှင့်ချစ်သူ

223 4 0
                                        

Unicode...

                 မျက်နှာဖုံးနှင့်ချစ်သူ

                           Part -21

သူမ မျက်စောင်းလှလှလေးထိုးလိုက်လေသည်...

" အဟက်...ချစ်ဖို့ကောင်းလိုက်တာ...
ကို့ရဲ့ညိုချောလေးက..."

ရှိုန်းသည်ဒီနေ့ညအတွက်ပျော်လွန်း၍အိပ်လိုပင်မပျော်တော့ပါ...
မယ့်အတွက်သူ့စကားတွေက ရှုပ်ထွေးစရာကောင်းသည်...
ညဘက်ကုန်ဆုံးသည်မှာမယ်အတွက်ကြာလွန်းနေပါသည်။တော်တောနှင့်အိပ်မပျော်သောမယ်
ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိသောကြောင့်
ယခုနိုးထသော် ‌လင်းနေခဲ့ပြီးဖြစ်သည်။

တစ်ဖက်တွင်ကြယ်လေးသည်ထမင်းဟင်း
ချက်ပြုတ်ပြီးမိခင်အနားသွား၍ထိုင်လေသည်။

"မေကြီးနေသာထိုင်သာရှိရဲ့လားဗျ"

" နည်းနည်းပေါ့သားငယ်ရယ်ဘာဖြစ်လို့လဲ"

" မေကြီးကိုတစ်ခုမေးစရာရှိတယ်"

" မေးလေး..."

" မလဲ့ကိုမေကြီးဘယ်လိုမြင်လဲ..."

" လဲ့လေးက သွက်တယ်တော်တယ်လေး..."

" ဘာဖြစ်လို့လဲသား..."

" ဘာမှမဖြစ်ပါဘူး မေးကြည့်တာပါမေကြီး..."

" သားငယ်က လဲ့လေးကို မဟုတ်မှကြိုက်နေတာလား..."

" မေကြီးကလဲ..."

" မဟုတ်ဘူးလား..."

" ဟုတ်တယ် ဒါပေမဲ့သားကငယ်သေးတယ်လေး
မေကြီးအနားအကြာကြီးနေပြီးမှမိန်းမယူမှာဖ"

" အမလေးတော် ရည်မှန်းချက်ကတယ်ကြီးပါ
လား..."

" မေကြီးကလဲ သားက ကလေးဆိုပေမဲ့ ချစ်တက်ပါတယ်ဗျာ..."

" မေကြီးသိပါတယ် ဒါပေမဲ့ ချစ်တာချစ်ပေါ့မသိစေနဲ့ မရောနဲ့...သားကငယ်တော့ အထင်သေးနေမှာ..."

" အမှန်ဘဲမေကြီး..."

" ကြယ်လေးနော မေမေ သိပ်မပြောချင်ဘူး
သားဘဝကိုပြီးပြည့်စုံအောင်အရင်ကြိုးစား
ပြီးမှ အချစ်ရေးကိစ္စကိုစဥ်းစား အချစ်ဆိုတာ
ငွေနဲ့တိုင်းတာလို့မရပေမဲ့ လေကကြီးမှာငွေရှိမှ
လူရာဝင်တယ်ဆိုတာမမေ့နဲ့သား"

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now