Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 10
ရှိုန်းသည် အခန်းသို့ပြန်ပြီးမယ်ပေးလိုက်သော
လက်ပတ်လေးကို ကြည့်ကာ...
" ကလေးဆန်ပေမဲ့ ချစ်ဖို့ကောင်းတယ်ကွာ
ကိုအတ္တကြီးနေမလား မင်းကို ကို့ရဲ့အပိုင်ဘဲ
ထားချင်မိပြီး..."
သည်လိုနှင့် ညတာကုန်ဆုံးပြီး မနက်ခင်းအလင်း
ရောင်ချီထိုးထွက်လာတော့သည်...မယ့်တို့သားအမိတွေအတွက်မနက်က မနက်၃နာရီပင်ဖြစ်သည်...သူများတကာအတွက်မနက်ပိုင်းက
၆နာရီဖြစ်ပါသည်...ကျောင်းမသွားခင်လေး
မိခင်ကို အကြော်ဝိုင်းကူကြော်လေသည်...ကြယ်လေးသည် အိမ်ရှေ့အိမ်နောက် ရေခပ်ဖြည့်နေလေသည်...
" ကြယ်လေး နင်ပြီးရင် အစ်မကို ဘူးသီး ရေဆေးပေးဦးနော..."
" ဟုတ်ကဲ့..."
မယ်သည် လှီးလက်စဘူးသီး အာလူး ကြက်သွန်
များကို လှီးနေလေသည်...မနက်၈နာရီထိုးနေပြီးမို့ ဒေါ်မိုးခင်သည်...
" မယ်နဲ့ ကြယ်လေး...ကျောင်းသွားဖို့လုပ်တော့."
" ဟုတ်ကဲ့မေကြီး..."
ကြယ်လေးသည် ကျောင်းစိမ်းလဲပြီးလွယ်အိတ်လေးလွယ်ကာ ထွက်လာသည်...
" နင့်အစ်မရော..."
မေကြီးက အရင်လိုချိုသာမှုမရှိတော့ပါ...သူသိတာပေါ့ မေကြီးအရမ်းပင်ပန်းနေတယ်ဆိုတာ
" အစ်မက အလှပြင်နေတာထင်တယ်..."
" ကဲရော့ မုန့်ဖိုး..."
တစ်ထောင်တန်နှစ်ရွက်ကို ပေးလိုက်သည်...
" မေကြီး...သားထမင်းချိုင့်ပါပါတယ်...
မေကြီး...ပိုက်ဆံက သုံးရင်သာလွယ်တာ
ရှာရတာခက်တယ်...သားကိုပေးတဲ့ မုန့်ဖိုးကို
ဟင်းစားဘဲဝယ်လိုက်နော..."
မိခင်ကိုပြုံးပြရင်း ထမင်းချိုင့်လေးကိုင်ကာထွက်သွားသည်...သားငယ်၏စကားကို နားထောင်ရင် ဒေါ်မိုးခင် မျက်ရည်များစီးကျလာရသည်...ဒါကသားသမီးကို ထိခိုက်စေမည့်
မျက်ရည်မဟုတ်ပါ...ထိခိုက်ခဲ့မယ်ဆိုရင်
ကျွန်မကိုသာ ထိပါလေ့စေလေး...
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romanceဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
