Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 20
အဝတ်လျှော်ပြီး လှန်းရန်အခန်းထဲမှအတွက်...ဗီဒိုတံခါးကဟနေသောကြောင့်သူမလှည့်ကြည့်လိုက်သော်....
" ဟင်း...ဒီ...ဒီ...ဒီဝတ္စုံ..."
သူမ မယုံနိုင်စွာကြည့်နေမိသည်..
ဒါက Black ကိုတွေ့နေကျ ဝတ်စုံပင်ဖြစ်သည်...
" ဘာတွေလဲ သခင်လေးနဲ့အစ်ကိုက တစ်
ယောက်တည်းလား...ဘာလို့အစ်ကို့ရဲ့ဝတ်စုံက
သခင်လေးဆီရှိနေရတာလဲ..."
သူမသိချင်မိသည်...သခင်လေးပြန်လာလျှင်လဲ သူမမေးမြန်းပါဦးမည်...
ညနေပိုင်းသို့ရောက်သော် ရှိုန်းအပြန်လာကို မယ်စောင့်နေလေသည်...သိပ်မကြာလိုက်ပါ ရှိုန်း
ပြန်ရောက်လာသည်...
" ဪယဉ်ကျေးမယ်...တစ်ခြားလူတွေရော..."
" အိပ်လောက်ပြီးထင်တယ် သခင်လေး"
သူမေလး မျက်နှာထက် အပြုံးကိုမတွေ့ရသဖြင့်
" မင်းတစ်ခုခုပြောစရာရှိလို့လား..."
" ပြောသင့်မပြောသင့်ထင်မေးသင့်မမေး
သင့်ကို မယ် စဉ်းစားနေတာပါ..."
ရှိုန်းသည်ပြုံးကာ...
"မေးမယ်ဆိုလဲမေး နောက်မှမေးရင်လဲမေး
အခု ကို ပင်ပန်းလာလို့ ခဏနားပြီးရေချိုးမယ်
ထမင်းပြင်ထားပေးနော..."
မယ်သည် ပင့်သက်ရှိုက်ကာ
" ဟုတ်ကဲ့သခင်လေး..."
ရှိုန်းသည် အခန်းထဲ ပြန်လေသည်...အခန်းထဲရောက်သော် မြင်တွေ့ရသည်သူကြောင့်စိတ်ပျက်ကာအမောဆို့ရပြန်သည်...
" ညှက်ဖြူ မင်းဘာကိစ္စငါ့အခန်းထဲဝင်နေရ
တာလဲ..."
" ရှိုန်းကလဲကွာ...ညှက်ဖြူတို့ကသူစိမ်းမှမဟုတ်
တာ ရှိုန်းက ဘာဖြစ်လို့သူစိမ်းဆန်တဲ့စကားကို
ပြောနေတာလဲကွာ..."
" ရှည်ရှည်ဝေးဝေး မပြောနဲ့ညှက်ဖြူ လိုရင်း
ဘဲပြော ငါနားချင်ပြီး...ပင်ပန်းလာတယ်..."
" နှိပ်ပေးရမလားရှိုန်း "
" ညှက်ဖြူ..."
ရှိုန်းစိတ်မရှည်သဖြင့် ညှက်ဖြူနာမည်ကို ခပ်မာမာပင် ခေါ်လိုက်သည်...
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romanceဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
