မျက်နှာဖုံးနှင့်ချစ်သူ

247 6 3
                                        

Unicode...

                   မျက်နှာဖုံးနှင့်ချစ်သူ

                           Part - 12

" မေကြီး နားကပ်ကိုပန်ထားနော...မေကြီး
ပန်ထားရင် အရမ်းလှမှာမေကြီးရ"

လိမ္မာလွန်းသည့်သားကို ဒေါ်မိုးခင် ဘာမျှမလုပ်ပေးနိုင်ပါ...သားကိုသာဖက်ပြီးငိုနေမိတော့သည်...

" ဒါက အစ်မအတွက်.... မေကြီးဘဲပေးလိုက်
တော့..."

" သားကိုယ်တိုင်ပေးလိုက်ပေါ့"

" ပေးချင်ပါဘူးမေကြီးရာ...စစ်လာမေးလား
လုပ်ရင် သားမဖြေချင်တော့ဘူး...သားဗိုက်ဆာ
ပြီး...ရေချိုးတော့မယ်နော မေကြီး ပြီးရင်
မေကြီးရယ် အစ်မရယ် သားရယ် ထမင်းအတူ
စားကြမယ်လေး..."

" အေ့ပါကွယ် ရေချိုးနောက်မကျစေနဲ့ဦး ဆောင်း တွင်းက ဖြစ်နေပြီး..."

" ဟုတ်ကဲ့မေကြီး..."

မယ်သည် ချက်ပြုတ်ပြီး ထွက်လာလေသည်...
ဒေါ်မိုးခင်သည်...

" သမီးမယ် လာဦး..."

" ဟုတ်ကဲ့ မေကြီး..."

မယ်သည် သူမမိခင်အနား အသာလေးထိုင်ကာ

" ပြောလေးမေကြီး..."

" ရော့ သမီးအတွက်..."

" ဟင်း...မေကြီး လှလိုက်တာ...ဒါပေမဲ့
မေကြီးရယ် မယ့်အတွက် မလိုပါဘူး..."

" မယ်...ဒါက မေကြီး လုပ်ထားတာမဟုတ်ဘူး"

" ရှင်...ဒါဆို ဘယ်သူ့ဟာလဲလို့"

" သမီးမောင်လေး လုပ်ပေးတာ...မေကြီးတစ်ရံ
သမီးတစ်ရံ..."

သူမအံ့သြတာပေါ့ သူမရဲ့မောင်လေးကငယ်ငယ်
လေး လေး ဘယ်လိုမှ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး
ဒါပေမဲ့မေကြီးပြောသည့်အတွက်ကြောင့်သာ ယုံ
လိုက်ခြင်းဖြစ်သည်...

" သွားမဆူနေနဲ့ဦး သူကျောင်းပိတ်ရက်ဆို
ပျောက်ပျောက်သွားတာက ပလုံးကောက်နေ
တာတဲ့... "

မယ်ပျော်ရမလား ငိုရမလားမသိတော့ပါ...
အရွယ်နှင့်မလိုက်အောင်အပင်ပန်းခံ ပြီး
ဒီအမေနှင့်ဒီအစ်မကို နားကပ်လုပ်ပေးသည်တဲ့လား...

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now