မျက်နှာဖုံးနှင့်ချစ်သူ

119 2 0
                                        

Unicode...

                  မျက်နှာဖုံးနှင့်ချစ်သူ

                        Part - 17

မယ်သည်ပြုံးလိုက်မိသည်...နေ့လည်က ကြက်
သားဟင်းလာ၍ကျွေးသည်မို့ ရှိုန်းကို သူမကျေးဇူးတင်မဆုံးပါ...သို့သော်ထိုကျေးဇူးတင်စကားကိုသူမထုတ်ပြောမည်မဟုတ်ပါ...

သက်ထားသည် ရည်ထွေးနှင့်အသုတ်စားရင်း

" ငါ...အဲ့ဒီအသစ်ရောက်လာတဲ့ ကောင်မကို
လုံးဝ ကြည့်မရဘူး..."

" ဟုတ်ပါ့ သခင်မကြီးကို ဘယ်လိုတွေတောင်
စည်းရုံးထားမှန်းမသိဘူး...နော"

" ဒီကောင်မ သခင်လေးကို အပိုင်ကြံနေတာ
ဖြစ်မယ်..."

" အလကားပါ သက်ထားရယ်...သခင်လေးက
အချိန်တန်ရင် မမလေးညှက်ဖြူနဲ့ဘဲ
လက်ထပ်ရမှာ..."

" မမညှက်ဖြူပြောမှဘဲ အခုမှငါတွေးမိတယ်"

" ဘာများလဲ "

" မမလေး ညှက်ဖြူ လာရင် ငါတို့ယဥ်ကျေးမယ်
ကို တွန်းပို့ပေးရမယ်..."

" အဟွန်း သက်ထားနင်ကသိပ်ပြီးဉာဏ်ပြေး
တာဘဲ..."

" ငါဘဲလေးဟား..."

မယ်သည် ထမင်းစားပြီးသော် ဝတ္ထုစာအုပ်တစ်အုပ်ကိုထိုင်၍ဖတ်နေသည်...ဇလပ်သည်...

" ဟဲ့ မယ် နင်ဘာတွေဖတ်နေတာလဲ..."

" ဝတ္ထုဖတ်နေတာဟ"

" ဪ...ဖတ်လို့ကောင်းလား..."

" အင်းကောင်းသားဘဲ..."

" ငါမေးစရာရှိလို့..."

" အင်း မေးလေးဇလပ်..."

" နင်ရည်းစားထားဖူးလားဟင်း..."

" ရည်းစား မထားဖူးဘူးဟ..."

" အို...နင့်ရုပ်ရည်နဲ့ဖြစ်နိုင်ပါ့မလား..."

" တကယ်...ငါမထားဖူးဘူး...ကျောင်းနဲ့အိမ်ဘဲ
နေ့တိုင်းကူးနေတာလေး...ပြီးတော့ပိုက်ဆံမရှိတဲ့
အသိုင်းအဝိုင်းကဆိုတော့ ပိုဆိုးပေါ့"

" ထားပါတော့..."

" နင်ကဘာမေးချင်လို့လဲ"

" ထွေထွေထူးထူးမဟုတ်ပါဘူး...အချစ်ဆိုတဲ့
စကားလုံးရဲ့အဓိပ္ပါယ်ကိုသိချင်ရုံပါ..."

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now