မျက်နှာဖုံးနှင့်ချစ်သူ

316 4 0
                                        

Unicode...

                   မျက်နှာဖုံးနှင့်ချစ်သူ

                            Part - 7

သူမအပြေးလေးအိမ်ထဲသို့ဝင်သွားလေသည်...
ထိုလူသည်လဲ သူမအိမ်နှင့်လှမ်းသွားသော် မျက်နှာဖုံးကိုချွတ်လိုက်လေသည်...တစ်ခြားသူတော့မဟုတ်ပါ...ရှိုန်းသာဖြစ်ပါသည်...

အမှတ်မထင် ဝင်ရောက်ကူညီခဲ့သည်မဟုတ်ပါ...သူအိမ်ရောက်ပြီး မယ့်ကိုစိတ်ပူကာ သူမမြန်းတစ်ခုခုဖြစ်နေမလားတွေးရင်မိဘများကို
မုန့်ဝယ်စားရန်သွားမည်ဟုပြောကာထွက်လာသည်ရေမချိုးရဘဲ all black နှင့်ခြေကျင်
လျှောက်လာခြင်းဖြစ်သည်...တကယ်ဘဲ လူတစ်
ယောက်ကသူမလေးကိုဆွဲလားရမ်းလားလုပ်နေသည်မို့ နီးစပ်ရာ ဆိုင်တစ်ဆိုင်တွင်မျက်နှဖုံးအမဲတစ်ခုကို ဝယ်လိုက်ခြင်းဖြစ်သည်...

မယ်အိမ်ထဲရောက်သော် ဒေါ်မိုးခင်က...

" မယ်ဒါဘယ်ကပြန်လာတာလဲ..."

" လဲ့ဆီသွားတာပါ မေကြီး..."

" မှောင်နေတာဘာသွားလုပ်တာလဲမယ်ရယ်
အခုခေတ်ကကောင်းတဲ့ခေတ်မဟုတ်တာနဲ့
မတော်တရော်တွေနဲ့တွေ့ပြီးမဖြစ်သင့်တာတွေ
ဖြစ်သွားရင် ညည်းဘဲနစ်နာမှာမဟုတ်ဘူး...
ငါတို့သားအမိအားလုံး သူများတံထွေးခွက်မှာ
ပတ်လက်မြောနေလိမ့်မယ် မိမယ်ရဲ့"

" မေကြီးရယ်...မယ်လဲအရွယ်ရောက်ပြီးသား
မိန်းကလေးပါ မယ်ဆင်ဆင်ခြင်ခြင်နေတာ
မေကြီးနဲ့ကြယ်လေးအတွေ့ဘဲဟာ..."

" အေးပါ ထားပါတော့ ခုဏက ကောင်က
ဘယ်သူလဲ...တစ်ကိုယ်လုံးကို မဲသည်းနေတာ"

" မသိဘူးမေကြီး သမီးကိုအဲ့ဒီအစ်ကိုက
ကူညီပေးတာ..."

" ဟဲ့ ညည်းကဘာဖြစ်လိုသူကကူညီရတာတုန်း
ပြောစမ်းပါအေ့ ငါရင်တွေပူနေပြီး..."

" ဒီလိုပါမေကြီးရယ် လဲ့အိမ်ကိုသွားတုန်း
အကောင်းဘဲပြန်လာမှဘဲ ဘယ်ကကောင်မှန်း
မသိဘူးဆွဲလားရမ်းလားလုပ်နေလို့အဲ့ဒီအစ်ကို
က မောင်းထုတ်ပေးတာ..."

" အမလေး တော်သေးတာပေါ့ နောက်ဆိုညမိုး
ချုပ်အပြင်မထွက်နဲ့...ကြားလား မယ်"

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now