Unicode...
မျက်နှာဖုံးနှင့်ချစ်သူ
Part - 16
မယ်သည် စတင်၍မနက်စာကို ချက်ပြုတ်လေသည်...ခက်ထန်သည့် အိမ်ရှင်ကြောင့်သူမဒီနေ့
နားရမယ်လို့ မထင်ပါ...တကယ်လဲ နားဖို့ရှိမှာ
မဟုတ်ပါ ပေးသလောက်တန်အောင်ခိုင်းသည့်လူစားမျိုးသာဖြစ်သည်...
မယ်သည် တစ်မနက်လုံးအလုပ်လုပ်နေသည်မှာ
နေ့လယ်ဆယ့်တစ်နာရီခွဲတောင်ရှိနေခဲ့ပြီးဖြစ်လို့
တိုက်လက်စ မီးပူကို လက်စသတ်နေလေသည်...
" ကဲ ပြီးပြီး ခဏလောက် နားဦးမှ ဇာတ်ကြော
တွေတောင်တက်တယ်..."
သူမလေး မီးပူတိုက်ပြီး ခြံထဲသို့နားရန် ဆင်းသွားသည်...ဒေါ်ငွေခင်သည်...
" ဟဲ့ ယဥ်ကျေးမယ်...ညည်းအလုပ်ပြီးသွားပြီး
လား"
" ဟုတ်ကဲ့ သခင်မကြီး..."
" ဒါဆို ဒီနှင်းဆီးပန်း နားကညမြက်တွေကို
လာနှုတ်လှည့်..."
မယ်ကြည့်လိုက်သော် မြက်ကြမ်းများဖြစ်သည်...သတိမထားဘဲ နှုတ်လျင် လက်ပင်
ရှပြီးသွေးထွက်နိုင်သည်...သူမပင့်သက်ရှိုက်လေးကိုမသိမသာလေးရှိုက်ကာ မြက်ရိုင်းအနားသို့သွားပြီးလက်ကိုမရှအောင်နှုတ်နေသည်...
" ဟဲ့ ညည်းက သူဌေးသမီးလား ဗီဒီယိုမင်းသမီး
လား...ဒီလောက်နုနေတာ"
" စိတ်ရှိလက်ရှိနှုတ်ရင် လက်ကိုရှစေမှာစိုးလို့ပါ"
" အိုအေး..ငါ့အိမ်မှာ နုယွနေလို့မရဘူး...
အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်"
" ဟုတ်ကဲ့သခင်မကြီး..."
ခပ်မြန်မြန်လေး သူမ ဆွဲနှုတ်နေမိသည်...
လက်ဖမိုးလက်ခေါင်းလက်ဖျံစသည့်တို့တွင်မြက်ရှနေသည်ကိုလဲမမုနိုင်ပါ...နှုတ်ပြီးသွားသော်...
" သခင်မကြီး "
" ပြော"
" မယ် ဗိုက်ဆာပြီးရှင့် ၁၂နာရီလဲ ကျော်နေပြီး
ဆိုတော့..."
ဒေါ်ငွေခင် နာရီကိုကြည့်လိုက်လေသည်...
" အေအေ...သွားစား...နင့်အစ်ကိုလေးပြန်လာပြီး
ထင်တယ် ထမင်းခူးပေးလိုက်ဦး..."
YOU ARE READING
မျက်နှာဖုံးနှင့်ချစ်သူ
Romanceဇာတ်က အစပိုင်းအေးပေမဲ့ နောက်ပိုင်းဆို စိတ်ဝင်စားဖို့ကောင်းမှာပါ... ဒီဇာတ်လမ်းက ခါတိုင်းရေးတဲ့ဇာတ်လမ်းတွေထက်ပို ရှည်ပါတယ်...
