မျက်နှာဖုံးချစ်သူ

61 1 0
                                    

Unicode...

                        မျက်နှာဖုံးနှင့်ချစ်သူ

                                Part - 2

တစ်ခါသာတွေ့ဖူးပေမဲ့ ယခုအချိန်အထိရှိုန်း
မမေ့သေးပါ...

( ကမ္ဘာမပျက်ခင်တော့မင်းကိုတွေ့ချင်
  သေးတယ် ကောင်မလေးရယ်...)

ညနေပိုင်းသို့ရောက်သော် ရှိုန်းသည် အခန်းထဲ
သီချင်းနားထောင်နေစဥ်...ဖုန်းက ထမြည်လေသည်...

"Hello..."

" ရှိုန်းနင်ပြန်ရောက်တာ ဘာကိစ္စငါ့ကို
မပြောတာလဲ...%#^#^@%&"

လာပါပြီး ရှိုန်း၏သူငယ်ချင်း မိဘချင်းလဲ
သဘောတူထားပေမဲ့ ရှိုန်းက သူမကို သူငယ်ချင်း ထက်မပိုခဲ့ပါ...သူငယ်ချင်း သံယောဇဥ်တော့ရှိပါသည်...

ညနေပိုင်းသို့ရောက်လာခဲ့ပြီးမို့ ဦးလူဇော်
ဒေါ်မိုးခင် နဲ့ မိုးသောက်ကြယ် တို့ အလုပ်မှပြန်လာလေသည်...

" သမီးရေ မယ်...ဖေဖေတို့ပြန်လာပြီးဟေ့"

" ဖေဖေနဲ့မေမေ မောနေရောပေါ့ ရေသောက်
  မလား"

ဒေါ်မိုးခင်သည်ပြုံးကာ...

" နေပါစေ သမီးရယ်...သမီးလေးကို မြင်ပြီး
ရင်ထဲ အေးသွားတာ..."

" မေမေကတော့ပိုပါပြီး"

" မပိုပါဘူး..."

မယ်ပြုံးလိုက်လေသည်...မောင်ဖြစ်သူအား

" ကြယ်... ရေမချိုးဘူးလား..."

" ချိုးမှာပေါ့ အစ်မကလဲ...သား အိမ်စာရှိတယ်
ရေချိုးပြီး ထမင်းစားပြီးရင် စာလုပ်မလို့"

" အမလေး...ဟုတ်ပါပြီး...မသိရင် အစ်မကို
မေးနော..."

" သားက ဥာဏ်မတုံးဘူးဗျ...လတိုင်းကို
No1ဘဲယူနေမှာ..."

" စောင့်ကြည့်နေမယ်..."

" ကြည့်ပေါ့..."

မယ်နှင့်ကြယ် ကမောင်နှမဖြစ်သော်လဲ
အကျင့်ကမတူပါ...ကြယ်က စာကိုပိုဦးစားပေး
ဖြစ်သည်...မယ်က အိမ်အလုပ်အားမှသာလျင်
စာလုပ်ဖြစ်သည်...မိသားစုက မပြေလည်တော့
အဖက်ဖက်က သူမကြည့်နေရသည်...ဆယ်တန်းကိုတောင် အောင်ရုံလေးသာ သူမအောင်ခဲ့သည်...ဒေါ်မိုးခင်နှင့်ကြယ်စကားပြောလျှင်
မမ သားသား ထိုကဲ့သို့ကလေးဆန်ပြီး မောင်နှမ
နှစ်ယောက်စကားပြောရင်တော့ ကြယ်က ပိုပြီး
တော့ရင့်ကျက်သလိုဖြစ်နေပြန်သည်...ကြယ်က
အရွယ်နှင့်မလိုက်အောင် ချောမောလွန်းသည်...
မယ်က ရုပ်ချောသည့်အထဲမပါသော်လဲ...အရုပ်မလေးလိုပင်...မျက်တောင်မျက်လုံးမျက်ခုံးက
အလွန်ပင်လှပပါသည်...မျက်ခုံးမထူမပါးလေး
ရယ် မျက်တောင်ရှည်ကော့ကော့လေးနှင့် မျက်လုံးအဆံကြီးကြီးဝိုင်းဝိုင်းလေးကမှိတ်လိုက်ဖွင့်လိုက်လုပ်လျှင် တကယ်ပင် ယောက်ျားတစ်ယောက်ကို ဆွဲငင်နိုင်ပါသည်...အသားရေက မဖြူဘဲ အညိုဘက်သွားလေသည်...ဆံပင်
ရှည်ကြီးက တင်ပစုံအထိရှည်လျားလှပစွာဝဲကျနေသည်...

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now