မျက်နှာဖုံးနှင့်ချစ်သူ

246 2 0
                                        

Unicode...

မျက်နှာဖုံးနှင့်ချစ်သူ

                    Part-9

ကျလာသည်မျက်ရည်ကို ကြယ်လေး ကျေနပ်စွာသုတ်ပစ်လိုက်သည် သူရှာသမျှရသည့်ပိုက်ဆံကို သူ့အခန်းထဲကစုဘူးလေးထဲ တွင်ထည့်ထားလေသည်...အပြင်ထွက်တိုင်းအခန်းတံခါးကိုသော့ဖြင့်သေချာခတ်ထားလေသည်...
ဘာလို့လဲဆိုတော့မေကြီးဝင်ကြည့်ပြီးသူ့ကိုဆူလျှင်သူ့ရည်မှန်းချက်မပြည့်တော့မှာသူစိုးရိမ်ပါသည်...

ညနေပိုင်းသို့ရောက်သော်...မယ်သည်...

" မေကြီး မယ့်ကို မုန့်ဖိုး ငါးထောင်လောက်ပေး
ပါလားဟင်း..."

ဒေါ်မိုးခင်က တစ်ခါမျှမုန့်ဖိုးတစ်တောင်းတတ်သောသမီးဖြစ်သူကိုအံ့သြမိသွားသည်...

" ဘာလို့ဖို့လဲမယ်..."

" ဟိုလေး မေကြီး မယ်လေး ဟို..."

" ကဲပြောမှသာဖြင့်ပြောစမ်းပါ..."

" မနေ့ကလေး မယ့်ကိုကူညီပေးတဲ့အစ်ကိုကို
မုန့်ဝယ်ကျွေးမလို့ပါ..."

" သူကဘယ်မှမို့လို့လဲ..."

" ၈နာရီလောက်အိမ်ရှေ့ကိုလာမယ်တဲ့..."

" ပြီးတာဘဲ ဒါပေမဲ့ ခေါ်တဲ့နောက် လိုက်မသွား
ရဘူးနော..."

" ဟုတ်ကဲ့...ကဲရော...၁၀၀၀၀ယူ လိုက်"

" ကျေးဇူး ပါနောမေကြီး"

မယ်သည် ပျော်သွားပြီးမုန့်ဆိုင်သို့သွားလေသည်...ထိုအစ်ကိုစားတတ်သည့်မုန့်ကိုမသိသောကြောင့်သူများစားသည့်မုန့်များထဲမှအကောင်းဆုံးများကို ရွေးဝယ်လိုက်သည်....

" အကြီးဘယ်လောက်ကျလဲ"

" ၄၅၀၀၀ဘဲ မယ်လေး ဒီလောက်အများကြီး
ဘာလုပ်ဖို့တုန်း..."

" ဒီလိုပါဘဲ..."

" ဟုတ်ပါပြီး..."

သူမျာလျှောက်ကြည့်သော် စျေးပေါသည့်လက်ပတ်လေးကိုတွေ့သွားသည်...

" အကြီး ဒီပုလဲနက်လက်ပတ်က
ဘယ်လောက်လဲဟင်း"

" တစ်ထောင့်ငါးရာ မယ်လေး"

" မယ်  ယူမယ်အကြီး..."

သူမ မုန့်အချို့နှင့်ထိုလက်ပတ်ကိုဝယ်လာပြီးပြန်လာသည်...
၄နာရီခွဲသာရှိသောကြောင့် ဘာရန်ကိုမှသူမ မကြောက်ရပါ..အိမ်ပြန်ရောက်သော်

မျက်နှာဖုံးနှင့်ချစ်သူ Where stories live. Discover now