🦊Arc 8 - အမှားယွင်းဆုံး အမျိုးသားဇာတ်ဆောင်
Chapter 1118.3 - ဘုရင်က ဟိုတလောတည်းက နေမကောင်းဖြစ်နေခဲ့တာ
စိတ်မပါသည့်ကယ်တင်သူများကို ပြန်လွှတ်လိုက်ပြီးနောက် ရွှယ်လင် သူ့အသင်းသားများကို စုလိုက်သည်။
"ဒီတခေါက်မတော်တဆဖြစ်ရတာ ဟယ့်ယန်ရဲ့အမှားပဲ...ငါလက်လျှော့လိုက်မိတာလည်း မှားတယ်...ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့အသင်းကို အန္တရာယ်တွေကြားကနေ ပြန်ခေါ်လာရတာမဖြစ်သင့်ဘူး.."
သူ့မျက်နှာထားက တည်ငြိမ်နေခဲ့သည်။ ဟယ့်ယန်မှာ ဘာပြောရမှန်းမသိသော်လည်း စိတ်လှုပ်ရှားနေလေသည်။
သူ့မိဘများသေသွားချိန်တွင် သူ့အသက်ကငယ်သေးပြီး သူသည်မွေးတည်းက ချုးဟန်နှင့်စေ့စပ်ထားခဲ့သောကြောင့် ချုးဟန်၏မိဘများက သူ့အားမွေးစားခဲ့ကြသည်။ ယခင်က လူတိုင်းသည် သူက ချုးဟန်နှင့် ငယ်ကျွမ်းဆွေသတို့သမီးလေး ဖြစ်လာလိမ့်မည်ဟု တွက်ဆခဲ့ကြ၏။ သူသည်ကား ထိုစကားကိုအင်မတန်မုန်းတီးပြီး ချုးဟန်အပေါ်တွင် အဆိုးမြင်စိတ်များပင် ပိုတိုးသွားခဲ့သည်။
ချုးဟန်ကလည်း သူ့အားသဘောကျပုံမရပါချေ၊ ထိုသို့ဆိုသော်ငြားလည်း သူ့အား ကောင်းစွာဂရုစိုက်ပေးခဲ့ရှာသည်။
ကမ္ဘာမြေအဆုံးသတ်သွားခြင်းက ဟယ့်ယန်ကိုစွန့်ပစ်လိုက်ရန် အကြောင်းအရင်းခိုင်လုံနေလျှင်ပင် ထိုသူသည် သူ၏အဆင့်နိမ့်နေသည့်စွမ်းရည်မှအပ အခြားသူများထက်ပိုသာသည်ဟု စိတ်ကြီးဝင်နေသည့်သူကို တလျှောက်လုံးခေါ်လာပေးခဲ့သည်။ သူ့မိဘများက သူ့အား ဟယ့်ယန်ကိုစောင့်ရှောက်ရန် မှာခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးအကြိမ်၌ အသင်းသားများ 'အကွက်ချပြီးအသတ်ခံ' လိုက်ရသည့်အခါ နှစ်ယောက်ကြားမှ ချစ်ခြင်းမေတ္တာသည် ထပ်ရှိမလာတော့ပေ။
သည်တကြိမ်တွင် ချုးဟန်၏အသင်းသားများက ဘေးကင်းနေသော်ငြား ချုးဟန်၏အပြုအမူများက ဟယ့်ယန်ကို စိတ်မအေးနိုင်ဖြစ်လာစေခဲ့သည်။
"အစ်ကိုဟန်! အရေးမကြီးတဲ့ကိစ္စတွေကို ပြောမနေပါနဲ့တော့...အစ်ကိုသာမပါခဲ့ရင်...ကျွန်တော်တို့တွေ မြို့ထဲကထွက်ဖို့ လမ်းတွေ့မှာမဟုတ်ဘူး..."