ကြိုမပြောထားတာမို့ ရှောင်းကျန့် ကတိုက်ကရိုက်အလုပ်တွေရှုပ်နေတယ်။ သူအဝတ်စားတွေထည့်နေတုန်း ရိပေါ်ကပစ္စည်းတစ်ခုခုဝင်ယူရင်း
"ပြီးသွားပြီလား။"
"အာ... ရုတ်တရက်ကြီးမို့အလျင်မမီဘူးဖြစ်နေတယ်။ ဒါလေးတွေထည့်ပေးထားပါလား။"
"ဘာ.."
ရိပေါ်က တီရှပ်နဲ့စတိုင်ပင်ကို စမက်ကျကျဝတ်ထားတယ်။ ရှောင်းကျန့်ကအခုသူ့ကို ခိုင်းနေတာလား။ သူ့အဝတ်တောင်သူမထည့်ဖူးတာကို။ ဒါပေမယ့် ဆင်ခြင်မပေးပဲ ပုံထားတာတွေကို ထည့်ပေးလိုက်တယ်။ ခနနေတော့ရှောင်းကျန့် က
"သွားမယ်။"
"အင်း အဆင်သင့်ပဲ။"
"အဲ့အိတ်သယ်ခဲ့နော်။"
ရှောင်းကျန့်ကအဲ့လိုပြောပြီးပြေးဆင်းသွားတယ်။ သူ့ကြည့်တော့ ဘေးလွယ်အိတ်တစ်လုံးထဲပါတယ်။ ရိပေါ်လည်း အနောက်ကနေ အိတ်ကိုဆွဲပြီး လိုက်လာတယ်။ အိတ်ဆွဲလာတဲ့ရိပေါ်ကိုမြင်တော့ ဝန်ထမ်းတွေက ပြာပြာသလဲ အိတ်ကိုပြေးဆွဲရာ ရိပေါ်လက်ကာပြလိုက်တယ်။ သူ့ကိုဆွဲလာဖို့ပြောထားတာကို တစ်ခြားသူကိုပေးလိုက်လို့မဖြစ်ဖူးလို့တွေးလိုက်တယ်။ သိတဲ့အတိုင်းရှောင်းကျန့် ပြသနာရှာစွမ်းအားက အရမ်းကောင်းတယ်။
ကားပေါ်ရောက်တော့ အစောကြီးထ ထားတဲ့ရှောင်းကျန့်က တခေါခေါအိပ်ပျော်သွားတာတစ်လမ်းလုံးပဲ။ ဒီခရီးစဉ်က ကြေငြာထားခြင်းမရှိတာကြောင့် ရိပေါ်အတွက် ပေါ့ပါးတဲ့ခရီးစဉ်ဖြစ်တယ်။ သူတို့ကားရပ်လိုက်တာနဲ့ ၃၀ အရွယ် ခပ်သန့်သန့်လူတစ်ယောက်ပြေးလာတယ်။
"သမ္မတကြီး..ရောက်လာပြီ။ မနက်တည်းကမျှော်နေတာ။ "
"ဟုတ်တယ် ညကတည်းက ထွက်လာဖို့လုပ်ထား ပေမယ့် ။ မနက်ကမှ ထွက်လာဖြစ်တယ်။"
"အာ....သူက..."
ရှောင်းကျန့်က အိပ်မှုန်စုံမွှားထလာပြီး အမျိုးသားကိုကြည့်လာတယ်။
"သူကဘယ်သူလဲ။"
"ကားပေါ်က အရင်ဆင်းရအောင်။"
ရိပေါ်က ကားပေါ်ကဆင်းသွားတယ်။ စောင့်ကြည့်တဲ့ မီဒီယာမရှိလို့လားမသိ ရှောင်းကျန့်လက်ကိုဆွဲမသွားဘူး။ ရိပေါ်ကြည့်ရတာအရမ်းပျော်နေပုံပေါက်တယ်။ သူရောက်တော့ ကလေးတွေကကြိုဆိုကြတယ်။ ကလေးတွေကိုနှုတ်ဆက်ပြီး သူတို့တစ်နေရာမှာထိုင်လိုက်တယ်။
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။