ရှောင်းကျန့်မျက်လုံးတွေပွင့်လာတော့ ဘေးမှာရိပေါ်ရှိမနေဘူး။ အဲ့ဒီအစားမက်ဆေ့ဝင်လာတယ်။
"မနက်စာ စားနှင့်လိုက်ပါ။"
ညတုန်းက ပုံရိပ်တွေ ခေါင်းထဲပြန်စဉ်းစားမိ ချိန်မှာရှောင်းကျန့် အငွေ့အဖြစ်တောင်ပျောက်ကွယ်သွားချင်တယ်။ ရိပေါ်က ကုတင်မှာထိုင်ရုံသာထိုင်နေတာကို သူကအပေါ်ကနေ သောင်းကျန်းခဲ့တာ အရက်လည်းမူးမနေပဲနဲ့။ ရိပေါ်ကတစ်ချိန်လုံးသူ့ခါးကိုထိန်းတာကလွဲရင် ဘာမှမလုပ်နိုင်ဘူး။ သူအရမ်းကို ကြမ်းနေခဲ့တာ။
"ရှောင်းကျန့်....မင်းတစ်ကယ်အရှက်မဲ့တာပဲ။"
ရှောင်းကျန့် ရေချိုးသန့်စင်ပြီးအောက်ဆင်းလာတော့....ဧည့်ခန်းမှာရုတ်ရုတ်သဲသဲနဲ့ အလုပ်သမားတွေတီးတိုးပြောနေကြတာမို့
"ဘာဖြစ်နေတာလဲ။"
"သမ္မတကြီးဆက်တိုက်ခြိမ်းခြောက်ခံနေရတယ်။"
"ဘယ် ဘယ်လို.."
"ပြန်ပေးဆွဲတဲ့အမှုတွေကဆက်တိုက်ဖြစ်နေပြီးတော့ သမ္မတကိုခြိမ်းခြောက်တဲ့အမှုတွေပဲဖြစ်နေတယ်။"
"သမ္မတကြီးက ပြန်ပေးမှုတွေကိုလျစ်လျူရှုသေးလား။"
"အာရုံစိုက်နေရင် သူတို့အကွက်ထဲဝင်သွားမှာပေါ့"
"ဒါပေမယ့် နစ်နာသူတွေအတွက်ကရော။"
"ကဲပါ သမ္မတအိမ်သားလေးက ဘာမှ မသိပါဘူး။ နိုင်ငံရေးလောက ကသိပ်ရှုပ်ထွေးတာ။ မနက်စာ စားလိုက်ဦး။"
ရှောင်းကျန့် ဖုန်းကိုထုတ်ကြည့်လိုက်တော့ ထိပ်ဆုံးက သတင်းကပြန်ပေးဆွဲခံရတဲ့သတင်း။
ကယ်ဆယ်ရေးတွေမရောက်ခင် ဓားစားခံက heart attack ဖြစ်ပြီးနေရာမှာ ပွဲချင်းပြီးသွားတယ်။ သမ္မတအနေနဲ့ ဒီလူတွေ ဘာလိုချင်တာလဲ တစ်ချက်တော့နားထောင်သင့်တယ်မဟုတ်လား။ ပြန်ပေးသမားတွေကို ဂရုမစိုက်ပေမယ့် ပြည်သူတွေကိုဂရုစိုက်သင့်တယ်မဟုတ်လား။ ဖအေကိုတောင် မကယ်တဲ့လူကို ပြန်ပေးသမားတွေကဘာလို့အဲ့လိုခြိမ်းခြောက်နေသေးလဲ။
ရှောင်းကျန့် မနက်စာ စားပြီးတော့ ဝမ်ရိပေါ်ရဲ့ရုံးခန်းဆီကိုသွားလိုက်တယ်။ သူဖြည်းဖြည်းချင်း ရုံးခန်းကို ပတ်ကြည့်ရင်း
YOU ARE READING
My President (ongoing)
Fiksi Penggemarယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။