ဘယ်သူမဆို ကိုယ့်ခံစားချက်ကိုမသိပဲနေပါ့မလား။ ထုတ်ပြောဖို့ဝန်လေးတဲ့လူစားမျိုးပဲရှိတာ။ ဒါမှမဟုတ် အတည်ပြုဖို့ခက်ခဲနေတဲ့အချိန်။
သူစိမ်းတွေနဲ့တရင်းတနှီး မနေဖူးတဲ့ ရိပေါ်အတွက် တစ်ခါမှ ရင်းနှီးမှုမရှိတဲ့ရှောင်းကျန့်အပေါ် ဖွင့်ဟဝန်ခံဖို့ဆိုတာလည်း သိပ်ခက်ခဲပါတယ်။ အဲ့ဒီနေ့က သူ့အဖေအစား ဝင်လာတဲ့ရှောင်းကျန့်က ရိပေါ်မျက်လုံးထဲမှာ လက်ဆက်တဲ့ခြယ်ရီသီးလေးလိုဖြစ်နေခဲ့တာ။ သူ့ကိုမြင်လိုက်ရတာ ရင်ထဲမှာအေးချမ်းသွားတယ်။ သူသာအနားမှာရှိရင် အမြဲရင်အေးနေမှာပဲဆိုပြီး လောဘတတ်မိလာတယ်။ လက်ထပ်ဖို့လိုလာတဲ့အခါ အရင်ဆုံးပြေးမြင်တာ ခြယ်ရီသီးလေး။ ဆရာကြီးရှောင်းက သဘောမတူတာနဲ့ ခြိမ်းခြောက်မှုပါလုပ်မိတဲ့အထိ။ အဲ့တာတွေက ချစ်လို့ဖြစ်လာခဲ့တယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်ခဲ့ပြီ။ ရှောင်းကျန့်ပျောက်သွားတော့ပိုသေချာသွားတယ်။ ရိပေါ်အရူးတစ်ယောက်လိုပဲ။
"သမ္မတကြီး လိုက်လာဖို့မလိုပါဘူး။ ကျွန်တော်တို့ ဘယ်တုန်းက ကျရှုံးဖူးလို့လဲ။"
"နောက် နောက်ဆုံးဓားစားခံတုန်းကလို.."
"သူက heart attack ရှိလို့လေ။"
"မပြောနိုင်ဘူး။ သူအရမ်းကြောက်နေမလား။"
"စိတ်မပူပါနဲ့ တည်နေရာကို သိနေပြီ ဒရုန်းဆီကပေးပို့ချက်အရ ဒီနေရာမှာ ရှိနေတယ်။"
ရိပေါ် တစ်ကိုယ်လုံးချွေးတွေရောမျက်ရည်တွေရောရွှဲနေတယ်။ လက်နတ်ကိုင်ထားတဲ့ အထူးတပ်သားတွေနောက်ကို သူကိုယ်တိုင်လိုက်လာတာဖြစ်တယ်။
___
"ဟဲလို..."
ပြန်ပေးသမားက ပြန်ဖို့လုပ်နေရာ သူ့ဆီ ဖုန်းဝင်လာတယ်။
"ရှောင်းကျန့်ကို ခေါ်ပြီး ငါပို့တဲ့နေရာကိုခေါ်လာခဲ့။"
"ဘာလို့လဲ ဆရာ သူကအသုံးမဝင်ဘူးမဟုတ်လား။ ဘာလို့အလုပ်ရှုပ်ခံနေမှာလဲ။"
"မင်းမစဉ်းစားမိဘူးလား။ ငါတို့ ဖမ်းတဲ့ဓားစားခံတွေအမြဲလွတ်သွားတယ်။ တစ်ယောက်ယောက်က ကယ်သလိုမျိုး။ ပြည်သူထဲက ကယ်သလိုမျိူး။ ငါတို့ကို ဂရုမစိုက်သလိုပုံစံနဲ့နောက်ကွယ်မှာလှုပ်ရှားနေတာ။"
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။