"4 နှစ်ကိုတောင့်ခံနိုင်ပါ့မလား။"
မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ခေါင်းဖြူအဖိုးကြီးကို ရိပေါ် ခပ်တင်းတင်းစိုက်ကြည့်ရင်း။
"မယုံကြည်ရင် ဘာလို့ပူးပေါင်းခဲ့တာလဲ။"
"မယုံကြည်တာမဟုတ်ပဲ စိုးရိမ်တာပါ။ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကရပ်တန့်မသွားဘူးလေ။ သူတို့က အပေးယူလုပ်ဖို့ကြိုးစားနေတယ်ကြားတယ်။ တစ်ချက်လောက်နားမထောင်ကြည့်ဘူးလား။"
"နားမထောင်ပါဘူး။ ဒုစရိုက်သမားတွေနဲ့ ညှိနှိုင်းစရာ အကြောင်းမရှိဘူး။"
"သမ္မတကြီးရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်ပါတယ်။"
"4 နှစ်တာကာလကို တောင့်ခံနိုင်မှာပါ။ ဥက္ကဌ ချန်သာအသက် ရှည်ဖို့ကိုကိုမျှော်လင့်ပါတယ်။"
နှစ်ယောက်သား ပြင်းထန်တဲ့အကြည့်တွေဆုံနေကြပေမယ့် မျက်နှာကတော့ပြုံးနေတယ်။
သူ့ကို လာသတိမပေးပဲ အိုနေတဲ့ ကိုယ့်အသက်ကိုသာ ဂရုစိုက်ပါဆိုတဲ့စကားက ပါးစပ်ကမပြောပေမယ့် ရိပေါ်မျက်လုံးတွေထဲကပြောနေတယ်။"4 နှစ်ပြီးရင်တော့ ထပ်ပြီး မပါဝင်တော့ဘူး။"
"မင်းရပ်တန့်လို့မရဘူး။"
"အဲ့အချိန် ဥက္ကဌချန်ရှိနေသေးတယ်ဆိုရင်တော့တ်မျိုးပေါ့။"
"ငါ့အသက်ရွယ်ကို ခနဲ့တာတော်လောက်ပြီ။"
"အသက်ရွယ်နဲ့ မလိုက် ဖြစ်ချင်စိတ်တွေအရမ်းများနေတာကို။ နဲနဲစိတ်လျှော့ပါဦး။ ဥက္ကဌချန်က အလုပ်အပြင် တွယ်တာစရာမရှိဘူးလား။"
"ငါ့အတွက် အလုပ်က ပထမပဲ။"
"ကျွန်တော်က အိမ်ထောင်ကျနေပြီဆိုတော့။ အတွေးပြောင်းလာတယ်ထင်တယ်။"
"ငါလည်း မိသားစုရှိတာပဲ။ အလုပ်ကြိုးစားတာလည်း ဒီမိသားစုအတွက်ပဲ။ မဟုတ်မှ မင်းအိမ်ထောင်က အတည်ကြီးလား။"
"အတည်မဟုတ်ဘူးလို့ပြောခဲ့ဖူးလို့လား။"
ဥက္ကဌချန်က ချောင်းတစ်ချက်ဟန့်ပြီး
"မင်းလည်း မင်းအဖလို အလုပ်ကိုမြတ်နိုးမယ်လို့ထင်ပါတယ်။"
"မတူဘူး။"
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။