၂၅

946 130 10
                                    

တိုက်ရိုက် live အစီစဉ်မှာ သမ္မတရဲ့အိမ်သားကချစ်ဖို့ကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေတိုးနေတယ်။ ကြည့်ရှုသူတိုးတော့ သူ့အိမ်သားကို သူဘယ်လောက်ချစ်ကြောင်းလူပိုသိအောင်လုပ်လို့ရတာပေါ့။ မီဒီယာတွေလည်း အရမ်းကိုပျော်ပြီးရိုက်ကူးရေးမှာ အရင်ကထက်ပိုတတ်ကြွလာတယ်။

/ရိုက်ကူးရေးပြန်စမယ်။/

ရိုက်ကူးရေးစမယ်ဆိုတော့ ရိပေါ်က နေရာပြန်ယူလိုက်တယ်။ ရှောင်းကျန့်ရှိရာကို လှမ်းကြည့်ပေမယ့် အရိပ်ယောင်မတွေ့တာကြောင့် လိုက်သွားလိုက်တယ်။

"ကျန့်ကျန့်...."

ဒီဖက်ကို ဖုန်းပြောဖို့ထွက်သွားတဲ့ရှောင်းကျန့်အရိပ်ယောင်ကိုလုံးဝမတွေ့ရတာမို့ ရိပေါ်လှုပ်ရှားမှုပျက်ယွင်းလာတယ်။ ရိပေါ်ကိုစောင့်ကြည့်နေတဲ့ bodyguard တွေလည်းရှုတ်ရုတ်သဲသဲဖြစ်လာတယ်။

"ဘာဖြစ်တာလဲ။"

"သမ္မတရဲ့အိမ်သားကိုမတွေ့တော့ဘူး။"

ရုတ်တရက်ကြီး ဟင်းချက်နေတဲ့ live အစီစဉ်က ပြောင်းသွားတယ်။ ထိုအချိန် ရိပေါ်ဆီဖုန်းစိမ်းတစ်ခုဝင်လာတယ်။

"အပေးယူလုပ်ရအောင်..."

မီဒီယာတွေကစောင့် ကြည့်နေတာမို့ ဒီအဖြစ်ပျက်က ပြည်သူတွေဆီတိုက်ရိုက်ရောက်သွားတယ်။ သမ္မတကြီးကအပေးယူကို လက်မခံတဲ့ လူစားမျိုးဖြစ်တယ်။ ပြည်သူတွေကဒါကို သိလို့အပေးယူကိုလက်ခံပေးဖို့ တောင်းဆိုကြတယ်။ အခုပဲပူပူနွေးနွေး ချစ်ကြည်နူးနေကြတဲ့ စုံတွဲလေး ပျက်စီးသွားဖို့ မလိုချင်ကြဘူး။

"သမ္မတကြီး အပေးယူကိုလက်ခံလိုက်ပါ။ ဒီတစ်ခါ မလွယ်လောက်ဘူး။ သူကရှောင်းကျန့်ကို ဆက်တိုက်တိုက်ခိုက်မှာပါ။ "

ရိပေါ် ဖုန်းကိုပြန်ကိုင်လိုက်တယ်။

"ဘာအပေးယူလဲ။"

"......."

တစ်ဖက်က ပြန်ပေးသမားက သူ့ဂွင်ထဲရောက်လာတာမို့ ဝမ်းသာလုံးစို့ပြီး စကားတောင်မပြောနိုငဘူး။

"လိုချင်တာကိုပြော.."

"သမ္မတနေရာက နှုတ်ထွက်ပေး။"

My President (ongoing)Where stories live. Discover now