"ရှောက်ထျန်းကော..ဘယ်လိုလုပ်ပြီး.."
ရှောင်းကျန့် သူ့မျက်နှာကို မြင်ချင်စိတ်မရှိပေမယ့် လောလောဆယ် ကြောက်စရာအခြေနေက ကယ်တင်ခဲ့တဲ့သူမို့ အရင်ကိစ္စတွေမေ့လိုက်တယ်။
"ငါ့အဖေရဲ့ မကောင်းတဲ့အစီစဉ်တွေ ငါအကုန်သိတယ်။ မင်းကိုတော့ဒုက္ခမရောက်စေချင်ဘူး။"
"ဒါပေမယ့် ကောရဲ့အဖေ။"
"သူကငါ့အဖေအရင်းမဟုတ်ဘူး။ ငါ့အမေကို သတ်မိလို့ အပြစ်မကင်းစိတ်နဲ့မွေးလာခဲ့တာ။"
"ကျွန် ကျွန်တော့်ကို ဘာရန်ငြိုးရှိလို့များ.."
"အဲ့တာကြောင့် သမ္မတဆိုတဲ့လူနဲ့ မပတ်သတ်တာအကောင်းဆုံးပဲ။ မင်းကို ရန်ငြိုးမရှိပေမယ့် သမ္မတကြောင့် မင်းခုလို ဒုက္ခခံနေရတာ။"
ရှောင်းကျန့် ကျိုးရှောက်ထျန်းကို စိတ်လှုပ်ရှားစွာကြည့်နေတယ်။
"ဘာ ဘာလို့ကျွန်တော့်ကို ကယ်တာလဲ။ အဲ့လောက်ထိလုပ်စရာမှ မလိုတာ.."
"ရှောင်းကျန့်က သေသွားတဲ့ လူတွေကိုလက်ညိုးထိုးပြတယ်။"
"အဲ့တာက....ထားလိုက်ပါလောလောဆယ်တော့ ငါတို့ပုန်းမှရမယ်။ ငါ့အဖေရဲ့လူတွေမလာဘူးမပြောနိုင်ဘူး။"
"သမ္မတကြီးလည်းရှာနေလောက်တယ်။ အဝေးကြီး သွားလို့မဖြစ်ဘူး။"
"အင်း..လုံခြုံတဲ့နေရာတစ်ခုမှာ စောင့်ကြမယ်။ အ့ ..."
"အဆင်ပြေလား။"
"ကားချင်းတိုက်တုန်းကနဲနဲ ထိမိသွားတယ်။ထင်တယ်။"
"ကျွန်တော့်ကြောင့်ဖြစ်တာဆိုတော့ ကျွန်တော်ကပဲ သက်သာအောင်လုပ်ပေးပါမ်ယ်။ "
"ရပါတယ်။ မများပါဘူး။"
သူတို့နေရာတစ်ခုရှာကာ ထိုင်လိုက်ပြီးနောက်
"သက်သာမယ့် အရွက်ကိုသိတယ်။ သွားခူးလိုက်ဦးမယ်နော်။"
"အင်း..."
ရှောင်းကျန့်ထွက်သွားတော့ ကျိုးရှောက်ထျန်းကရိပေါ်ဆီခြိမ်းခြောက်ဖုန်းပြောပြီး ရှောင်းကျန့်ဖုန်းကို ပါဝါပိတ်ကာ အနီးနားက ကျောက်တုန်းအောက်ဖွက်လိုက်တယ်။
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။