မနက်မှာ ရှောင်းကျန့် အတောက်ပဆုံးပြင်ဆင်ပြီး အပြင်သွားဖို့ဟန်ပြင်နေတယ်။ ကြောက်ပြီး အိမ်မှာပုန်းနေမှာမဟုတ်တော့သလို popular ဖြစ်မှာ ကိုလည်း မကြောက်တော့ဘူး။
"ငါက သမ္မတကြီးရဲ့ အိမ်ထောင်ဖက်ပဲ။ ငါ့ကိုဘယ်သူထိရဲလဲ။"
ရှောင်းကျန့် မှန်ရှေ့မှာတစ်ပတ်လှည့်ပြီး သူ့ကိုယ်သူကျေနပ်စွာပြုံးလိုက်တယ်။ ပြီးတော့အောက်ဆင်းလာတော့ body guard 4 ယောက်အသင့်စောင့်နေတယ်။ body guard တွေခြံရံပြီး အရှိန်ဝါအကြီးဆုံးနဲ့တောက်ပမယ်။ သူ့အတွေးနဲ့ သူရှိနေစဉ်မှာပဲ ရိပေါ်ကိုတောင်သတိမထားမိဘူး။ အိမ်ပေါ်ကဆင်းလာတည်းက သူ့အတွေးနဲ့သူ ဟိုလုပ်ဒီလုပ်နဲ့ အပြင်ထွက်ဖို့လုပ်နေတယ်။ ရိပေါ်နဲ့ ကျိရန်လည်း တစ်နေရာသွားဖို့ပြင်နေရာ ကျိရန်ကရိပေါ်ကို တင်ပြစရာရှိရာတင်ပြနေတယ်။ ဒါပေမယ့် ရိပေါ်စိတ်က ကျိရန်ဆီမှာမရှိဘူး။ ရှောင်းကျန့်ကို မသိမသာ အာရုံစိုက်နေတယ်။ ရှောင်းကျန့်က သူ့ကိုတစ်ချက်မှ မကြည့်ပဲ ထွက်သွားမယ်လုပ်တော့
"ဟေး..."
သူအော်ခေါ်မှ ရှောင်းကျန့်လှည့်ကြည့်လာပြီး
"အာ ရှိနေတာလား။"
"လူတစ်ယောက်လုံးမမြင်ရအောင် ဘာတွေစိတ်ကူးနေတာလဲ။"
"ဈေးဝယ်မယ့်ဟာတွေစဉ်းစားနေလို့ တောင်းပန်ပါတယ်။"
ရှောင်းကျန့် လှည့်ထွက်မယ်အလုပ် ရိပေါ်ကသူ့အနားကိုရောက်လာတယ်။
"အရမ်းကို တောက်ပလွန်းမနေဘူးလား။"
"သမ္မတကြီးရဲ့အိမ်ထောင်ထင်က မှေးမှိန်နေလို့ဘယ်ဖြစ်မလဲ "
ရိပေါ်က သူ့ကိုကြည့်ဝတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတော့ရှောင်းကျန့် နဲနဲတောင်ရှက်သွားတယ်။ ဒီမှာရှိနေတဲ့လူတွက သူတို့ကိုအာရုံစိုက်နေတာမဟုတ်လား။ အပေါက်စောင့်ကအစပေါ့။
"ကိုယ့်ယောက်ျားကို မနှုတ်ဆက်ပဲသွားရလား။"
ရိပေါ်အပြောကြောင့် ရှောင်းကျန့်ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ ရှိနေတဲ့လူတွေက ခေါင်းငုံ့သွားကြတယ်။ ရှောင်းကျန့် ရှက်ပေမယ့်လည်း ရိပေါ်ရဲ့နှုတ်ခမ်းကို ဖိပြီးနမ်းလိုက်ရာ ရိပေါ်ကသူ့ခါးကို ဆွဲဖက်ပြီး နှုတ်ခမ်းကို ပြန်ဖိထားတယ်။ ရှောင်းကျန့်မျက်လုံးတွေပြူးပြီး အတင်းတွန်းထုတ်တော့မှ ရိပေါ်လွှတ်ပေးလိုက်တယ်။
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။