ရိပေါ်က ရှောင်းကျန့်လက်ထဲကို သောက်ဆေးထည့်ပေးလိုက်တယ်။ ပြီးတော့ရေခွက်ကမ်းကာ
"ဆေးသောက်လိုက်ဦး။"
ရှောင်းကျန့်ကုတင်ခေါင်းရင်းကိုမှီထိုင်ကာ စောင်ကို ခါးထိခြုံထားတယ်။ ရိပေါ်ပေးတဲ့ဆေးကိုမယူခင် မက်ဆေ့ပို့လာတာမို့ ရိပေါ်ကဆေးနဲ့ ရေခွက်ကို ကုတင်ဘေးကစားပွဲပေါ်လာတင်ပြီး ဖုန်းထုတ်ကြည့်လိုက်တယ်။
/နွားနို့ တစ်ခွက်လောက်ယူပေးပါလား။/
ရိပေါ် သူ့မျက်ဝန်းတွေကိုစေ့စေ့ကြည့်ပြီး လှည့်ထွက်သွားတယ်။
"ဘာလဲဟ လူကိုဘာလို့အဲ့လိုကြည့်တာလဲ။"
၅မိနစ်ကြာတော့ ရိပေါ်ပြန်ဝင်လာတယ်။
"နွားနို့ရပြီ။ ဆေးသောက်ပြီးပြီလား။"
ရှောင်းကျန့်ခေါင်းငြိမ့်တယ်။
"ဟုတ်လား။"
ရိပေါ်က ဒူးထောက်ကာကုတင်ပေါ်တတ်လာပြီးရှောင်းကျန့်ရှေ့ကိုတိုးလာတယ်။ ပြီးတော့ ရှောင်းကျန့်အုပ်ထားတဲ့စောင်ကိုဆွဲလှန်လိုက်တယ်။ ရှောင်းကျန့်ပြန်ဆွဲထားပေမယ့် ရိပေါ်ကဆောင့်ဆွဲလိုက်တယ်။
*ဘာ ဘာလုပ်တာလဲ။*
ပြီးတော့မပြောမဆိုနဲ့ရှောင်းကျန့်တင်ပါးတွေညှစ်လာတယ်။ ရှောင်းကျန့်လည်း တွန်းဖယ်ပြီးရုန်းပေမယ့်မရဘူး။ ရိပေါ်က သူ့မျက်လုံးတွေတည့်တည့်ကို ကြည့်ပြီး
"ငြိမ်ငြိမ်နေ!"
ရှောင်းကျန့်မျက်လုံးတွေမှိတ်ပြီး ငြိမ်နေလိုက်တယ်။
"ဒါဘာလဲ။"
မျက်လုံးတွေပြန်ဖွင့်တဲ့အခါမှာ ရိပေါ်လက်ထဲကဆေးလုံးကြောင့် ရှောင်းကျန့်မျက်လုံးပြူးသွားတယ်။
"ကိုယ့်ကိုညာတာပေါ့။"
ဘောင်းဘီထဲ ထည့်ဖွက်ထားတာဘယ်လိုသိသွားတာလဲ။ နွားနို့ကိုတစ်ခြားလူကိုယူခိုင်းလိုက်တာလား။
ရိပေါ်က ရှောင်းကျန့်ကို သူ့ပေါင်ပေါ်ဆွဲတင်လိုက်ပြီး အင်္ကျီကြယ်သီးတွေကိုဖြုတ်လိုက်တယ်။ ရှောင်းကျန့်ရုန်းတော့ အမိန့်ဆန်ဆန် ခါးကိုဆက်ကနဲ ဆွဲချုပ်ပြီး သတိပေးသလိုကြည့်လာတယ်။ ရိပေါ်ရဲ့အကြည့်တွေက နောက်နေတဲ့ပုံမပေါ်ဘူး။ ညာတာသိသွားရင် ဘယ်လိုလုပ်မလဲ။
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။