၁၇

1.6K 180 19
                                    

လင်မယားအတူ ပျော်ဖို့စာအုပ်နဲ့တောင်ချရေးပြီးသင်ရတယ်ပေါ့လေ။ ဘုရားဖြစ်မယ့်အုပ်နီခဲကြီးပုံစံဖမ်းနေတာမျိုးကလက်မခံနိုင်ပါ။ ဘယ်လူမျိုးက ကိုယ်စိတ်ဝင်စားတဲ့ လိင်အရှေ့မှာ ဥပုဒ်စောင့်နိုင်မှာတဲ့လဲ။ သူဖြင့်ယောက်ျားစိတ်မဝင်စားဘူးပြောထားတဲ့လူက ယောက်ျားတစ်ယောက်နဲ့အိပ်နိုင်တယ်တဲ့လား။ ဝမ်ရိပေါ်ကို ဘယ်သူမှ မရှုပ်ဘူး။ သူတစ်ယောက်တည်းရှုပ်နေတာ။

ရှောင်းကျန့်က အသစ်ဝယ်လာတဲ့ bathrobe ပုံစံညဝတ်အင်္ကျီပန်းနုရောင်ကိုဝတ်ထားတယ်။ ပြီးတော့ ကုတင်ကိုမှီထိုင်ကာ စာအုပ်တစ်အုပ်ကိုဖက်နေလိုက်တယ်။ အင်္ကျီကဒူး‌ဖုံးရုံလေးမို့ ခြေထောက်လေးနှစ်ချောင်းကိုစေ့ကာ ထပ်ထားလိုက်တယ်။ ခနနေတော့ရိပေါ်ဝင်လာတယ်။ ရိပေါ်က ရေမချိုးခင်သူ့ကိုကြည့်သွားပေမယ့် ရှောင်းကျန့်မသိချင်ဟန်‌ဆောင်ပြီး စာအုပ်ဖက်နေတယ်။ ရှောင်းကျန့်ကြိတ်ပြီးတော့ပြုံးလိုက်တယ်။ ရိပေါ်က သူ့နားမှာတစ်ခုခုပြောချင်သလို ရစ်သီရစ်သီလုပ်နေတယ်။ ဒါပေမယ့် သူတစ်ချက်တောင်လှည့်မကြည့်ဘူး။

ရိပေါ်ရဲ့အမြင်မှာရှောင်းကျန့်က ဒီနေ့ထူးခြားနေတယ်။ ညဝတ်အင်္ကျီက စလို့ပေါ့။ တစ်ကိုယ်လုံးကလည်းမွှေးကြိုင်နေပြီး သတိမထားမိအောင် နေလို့မရအောင်ပဲ။ သူကြည့်နေတာကို မကြိုက်တဲ့အလား ရှောင်းကျန့်ကတစ်ဖက်လှည့်အိပ်ပြီးစာကိုဖက်နေပြန်တယ်။ အဲ့မှာညဝတ်အင်္ကျီက အပေါ်တတ်ပြီး တင်ပါးတွေအသားပေးသလိုဖြစ်သွားတယ်။ ရိပေါ်လည်း စကားစဖို့အကြံရသွားတယ်။

"မနက်ဖြန် ရွာတစ်ခုက မိဘမဲ့ဂေဟာကိုသွားဖို့ရှိတယ်။ အဲ့တာမင်းလိုက်လို့အဆင်ပြေမလား။"

ရှောင်းကျန့် ဒီဖက်ပြန်လှည့်လာပြီး ကြည့်လာတယ်။ ရိပေါ်ရှောင်းကျန့်မျက်နှာမှာ အာရုံမရှိဘူး။ အောက်ပိုင်းကမပေါ်တပေါ်ဖြစ်နေတဲ့ အင်္ကျီစကို စိတ်ရောက်နေတယ်။ တစ်ချက်တစ်ချက် သူ့ လှုပ်လိုက်ရင် အင်္ကျီခွဲကြောင်းထဲက သူ့ရဲ့ပေါင်ဖြူဖြူလေး ပေါ်သွားတယ်။

"မနက်ဖြန်သွားရမှာကို ဒီအချိန်ကြီးပြောရလား။"

"အစကတော့ မင်းပင်ပန်းမှာစိုးလို့မခေါ်ဘူးလုပ်ထားတာ။ မင်းပါရင်ပိုကောင်းမလားလို့။ သူတို့မင်းကို မမြင်ဖူးသေးဘူး။ "

My President (ongoing)Where stories live. Discover now