နေ့လယ်စာ စားချိန်မှာ ရှောင်းကျန့်စားဖို့ထလာပြီးမှ တစ်ခုခုကိုတွေးပြီး ဖုန်းကိုထုတ်လိုက်တယ်။ သူရိပေါ်ကိုစာပို့မလို့ ပထမဆုံးပို့ရမှာမို့စိတ်လှုပ်ရှားနေတယ်။
"ဘာပြောရင်ကောင်းမလဲ။"
/နေ့လယ်စာ ပြန်စားမှာလား။/
ရှောင်းကျန့်စာပို့တာ ချက်ချင်း seen ပြပြီးနောက်
/ဆယ်မိနစ်နေရင် လာခေါ်မယ်။/
"လာ လာခေါ်မယ်တဲ့လား။ ငါတို့အခု အပြင်မှာ date မှာလား။ အိုး မိုင် ဂေါ့ ငါအဝတ်စားလဲဖို့လိုနေပြီ။
နောက်ဆယ်မိနစ်နေတော့ ဝမ်ရိပေါ်ရောက်လာတယ်။ ရှောင်းကျန့်ကပြင်ဆင်ထားတာနဲ့ ရိပေါ်လည်း ကားပေါ်တတ်စေလိုက်တယ်။ ကားကိုတော့ သူကိုယ်တိုင်ပဲမောင်းသွားတယ်။ လေထုကြီးကတော့ တိတ်ဆိတ်နေတာပဲ။ ရိပေါ်ကလည်း ဘာစကားမှမပြောပဲ ကားကိုအာရုံစိုက်မောင်းနေတယ်။ ရှောင်းကျန့် လည်းသူ့မျက်နှာရိပ်ကို မသိမသာခိုးကြည့်မိတော့ မျက်နှာကပကတိ မျက်နှာသေပဲ။ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းမတွေ့ရဘူး။
ရိပေါ်က အထပ်မြင့်က စားသောက်ဆိုင်တစ်ခုကို ရှောင်းကျန့်ကိုခေါ်သွားတယ်။ အဲ့ဒီနေရာက အထက်တန်းစားတွေပဲလာတာထင်တယ်။ လူရှင်းပြီး တိတ်ဆိတ် သပ်ရပ်နေတယ်။ ကြိုတင်မှာထားတဲ့ စားစရာတွေက ချက်ချင်းရောက်လာတော့ ရှောင်းကျန့်စတင်ပြီး စားလိုက်တယ်။ ရိပေါ်လည်း တိတ်တဆိတ်ပဲစားတယ်။ စားပြီးသွားတော့ဝိုင်တစ်ပုလင်းလာချရာ ရိပေါ်ကအေးအေးလူလူ တစ်ငုံချင်းသောက်နေတယ်။ တိတ်ဆိတ်နေတာအတော်လေးကြာနေပြီမို့
"အချိန်ရလို့လား။"
"အဲ့တာကြောင့် ထိုင်နေတာပေါ့။"
ရိပေါ်က သူ့ကိုပါ ဝိုင်ငဲ့ပေးလာတော့ သူနဲနဲယူသောက်လိုက်တယ်။
"ပျော်စရာရှိဖူးလား။"
ရှောင်းကျန့်ရဲ့ အမေးကို ရိပေါ်က နဲနဲထူးဆန်းတဲ့ပုံဖြစ်သွားတယ်။
"ဘာလို့မေးတာလဲ။"
"ပျော်တာ တစ်ခါမှ မမြင်ဖူးလို့။"
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။